episode-47

4.1K 24 0
                                    

"တေဇာ ပြန်လာပြီလား"

"အင်း ၊ မင်း ညစာစားပြီးပြီလား"

"ဟင့်အင်း ရှင့်ကို စောင့်နေတာ"

"အင်း ဟုတ်ပြီ၊ ဒါဆိုကျွန်တော်ရေချိုးလိုက်ဦးမယ် ၊ စောင့်ဦး"

"ဟုတ်"

သူမ သည် ညစာစားဖို့ အတွက် ကိုယ့်ကို မျှော်နေတဲ့အချိန် ကိုယ်ကတော့ အပြင်မှာ
ကမြင်းနေခဲ့သည့်အတွက် တေဇာ မိမိကိုယ်ကို အပြစ်ရှိသလိုခံစားရသည်။

တေဇာလည်း ချွေးတိတ်အောင်စောင့် ရေချိုးပြီးနောက် အဝတ်လဲကာ သူမ ရှိရာ ကိုလာလိုက်တော့ တွေ့လိုက်ရပါသည်။ ထိုင်ခုံမှာ သူ့ကို ထိုင်စောင့်နေတဲ့ သူမ

တေဇာ လည်း တကယ့်ကို ဆာလောင်နေ၍ အရသာရှိတဲ့ စားပွဲတွေကိုစားသောက်တော့သည်။

ညစားစားပြီးနောက်

"တေဇာ"

"ဗျ"

"ရှင် ဒီနေ့နောက်ကျတယ်ဆိုတော့ ၊ နောက်ရက်တွေရော"

"လက်တွေ့ ဆင်းရမယ့် နေ့တွေလောက်ပါပဲ၊
အဲ့ရက်တွေကလည်း တစ်ပတ်မှ 2ရက်၊3ရက်
ေလာက်ပါပဲ"

"ဟုတ်ပါပြီ၊ ဒါပေမဲ့ ဒီလို နောက်ကျတာက ကြာလာရင် ရှင့်ကျန်းမာရေး ထိခိုက်မယ်ထင်တယ်"

"စိတ်ပူတာလား??"

"ဟို..စေတနာနဲ့ပါ"

"ဟားဟား!! ဟုတ်ပါပြီဗျာ၊ အဲ့တော့ မင်းက ဘယ်လို ဖြစ်စေချင်လဲ"

အတည်ပေါက်နဲ့ ေနှာက်လိုက်လို့ မျက်နှာလေး ရဲသွားတဲ့မိန်းကလေး ကြောင့် တေဇာ
အကောင်းပြန်မေးလိုက်သည်။

"ဟို၊ အပြင်မှာကြိုစားတာဖြစ်ဖြစ်၊ ဒါမှမဟုတ် အိမ်ကတစ်ခုခုထည့်တာဖြစ်ဖြစ်၊တစ်ခုခုပေါ့"

"ဟုတ်ပါပြီ၊ကို့နေရာ( ကျောင်း )မှာဆိုရင်တော့ ဝယ်စားလိုက်လို့ရပါတယ်၊ ဒါပေမဲ့ ဒီနေ့က တခြားဆေးရုံကိုသွားလိုက်ရတော့ မစားဖြစ်တာပါ၊
ပြီးတော့ နောက်နေ့တွေ ဒီလောက်နောက်ကျစရာ အကြောင်း မရှိတော့ပါဘူး၊ အကယ်၍
လိုအပ်လာရင်တော့ ပြောပါ့မယ်"

"အင်း၊ ဒါဆိုရင်လည်း အဆင်ပြေတာပေါ့၊ လိုအပ်ရင်လည်းပြောပါ၊ ရှင်လည်း ဆရာဝန်ဖြစ်မယ့်လူတစ်ယောက်ပဲ ကျန်းမာရေးကိုဂရုစိုက်စေချင်တယ်၊ ကျန်းမာအောင်နေတယ်ဆိုတာကလည်း ကိုယ်ခန္ဓာပိုင်းကို လေ့ကျင့်ခန်းတွေပေးသလို အစားအသောက်ကလည်းအရေးကြီးတယ်လေ"

Bad Guy (လူဆိုး)Where stories live. Discover now