Part -4

7.4K 108 0
                                    

နဂိုက ဂွမ်းကပ်စောင်ထဲ ကွေးနေပေမဲ့
အိမ်က မာတာမိခင်တို့နဲ့
Vedio Call ရတော့မှာမို့
ပွယောင်းယောင်းဖြစ်နေတဲ့ ဆံစလေးတွေကို
သပ်တင်ကာ မွေ့ယာပေါ်၌ ကျကျနန
ထိုင်လိုက်ပေသည်။

ပြီးကာမှ လပ်တော့ကို ဖွင့်လိုက်တော့
ဦးစွာ ကြားလိုက်ရသည်က
မာမီ့ထံမှ ရွှေပြည်အေး တရားဟောသံ !!

စပိုင်လွှတ်ထားသလား အောက်မေ့ရအောင်
ရွှန်းအကြောင်းတွေ သိနိုင်လွန်းတဲ့
မာမီက ရွှန်း ဘာလုပ်နေတယ်
ဘာဖြစ်နေတယ်ကအစ သိနိုင်လွန်းသူကြီး
ဖြစ်၏။

အခုလဲ ရွှန်းဘက်က ဘာမှတောင်
မပြောရသေး ...
မျက်နှာတည်ကြီးနဲ့ မာမီက

" နေမကောင်းဘူးဆို ရွှန်းရွှန်း "

" မာမီ့ကို ဘယ်သူပြောတာလဲ "

" ဘယ်သူရှိရမလဲ သမီးသူငယ်ချင်း
တိမ်လွှာပေါ့ ...
မနေ့ကပဲ သမီးဒယ်ဒီကို အိမ်မှာ
လာပြောသွားတာ"

" တွေ့အုံးမယ် တိမ်လွှာမ "

မပြောပါနဲ့လို့ အတန်တန်မှာထားတာကိုမှ
အိမ်ကို သတင်းရောက်အောင်
ပို့ပေးတဲ့ ကျေးဇူးရှင်မလေး ...
တွေ့ကြသေးတာပေါ့ ...

စိတ်ထဲ၌ ကြုံးဝါးကာ အကြိတ်အနယ်ကို
ဒေါသထွက်နေရပေမဲ့
မာတာမိခင်ရှေ့မှာတော့ အပြုံးမပျက်
ဟီလာထနေရတော့သည်။

" အစစအရာရာ ဂရုစိုက်ပါလို့
မှာထားရက်နဲ့ကို "

" ရွှန်း ဂရုစိုက်ပါတယ်
မာမီရယ် ...
အခုဟာကလည်း ညတုန်းက
Assignment လုပ်တာ များသွားလို့
ရေချိုးတာ ညနက်သွားရုံပါ "

" အဲ့ဒီတော့ လူက ဖျားပြီ မဟုတ်လား "

" ဟီး ... အပျင်းဖျားလေးပါ
မာမီကလဲ "

သွားတန်းလေးတွေ ပေါ်အောင်ပြုံးပြနေသည့်
ရွှန်းဆိုသည့် သူမလေးက
တော်ရုံနဲ့လဲ မဖျားတတ်သလို
ဖျားလိုက်ပြီဟေ့ဆိုရင်လဲ ဘယ်သူကမှ
လိုက်မမီအောင် အဖျားကြီးလွန်းလို့
သူမလေးဖျားမှာဆို တစ်အိမ်လုံး
တစ်မိသားစုလုံးက လန့်ရသည်အထိ !!

" အခုနေရတာကရော အဆင်ပြေရဲ့လား "

" ဒယ်ဒီ့မိတ်ဆွေတွေမို့ အားလုံးက
နွေးနွေးထွေးထွေး ဆက်ဆံကြပါတယ်
မာမီရဲ့ ..."

အမုန်းတို့အလွန်Where stories live. Discover now