[အခန်း -၁၃]
" တောက် !! စေတနာကို
စော်ကားခံလိုက်ရတာ
သူ့ဘာသာသူ ဖြစ်ချင်တာဖြစ်ဆိုပြီး
ပြစ်ထားလိုက်ရမှာကို "" ဒါပေမဲ့လဲ MDက ပြစ်မထားရက်ဘူးလေ"
" မင်းကိုငါ မေးလား ဆန်း "
" အဲ့ဒါကကျ "
လည်ပင်းလေးပွတ်ကာ ထိုစကားလေးနဲ့တင်
အဆုံးသတ်သွားတဲ့ ဆန်းက
တိတ်ဆိတ်သွား၏။လေညင်းခံထွက်မယ်ဆိုပြီး
ပျောက်သွားလိုက်တဲ့ MDက
အခုပြန်ပေါ်လာတော့လဲ တစ်ကိုယ်လုံး
ရေအရွှဲသားနဲ့မို့ သူ့မှာစိတ်ပူလိုက်ရတာ ...အ၀တ်စားလဲကာ ခေါင်းသုတ်နေရင်း
တောက်တခေါက်ခေါက်နဲ့ ပွစိပွစိပြောမှသာ
MD ဘာဖြစ်လာမှန်း
သူသိလိုက်တာဖြစ်၏။တော်ရုံကိစ္စတွေဆို ခေါင်းရှုပ်ခံ
စိတ်ရှုပ်ခံပြီး မတွေးတတ်တဲ့ MDက
အခုလို ဒေါကီးလာပုံထောက်ရင်တော့
သေချာပေါက် ဟိုကလေးမလက်ချက်ပဲဆိုတာ
ဆန်းသိလိုက်သည်။အမ်ဒီ့ကို အခုလိုစိတ်ဆွနိုင်တာက
ဘယ်နှယောက်ရှိတာ မှတ်လို့ ..." MD စိတ်ကြည်သွားအောင်
ကော်ဖီပူပူလေး သောက်လိုက်မလား"" ရတယ်မလိုဘူး "
" ဟုတ် ဟုတ် "
စိတ်မကြည်နေတဲ့သူကို တစ်ယောက်တည်း
လွှတ်ထားတာက အကောင်းဆုံးမို့
ဆန်း လုပ်စရာရှိတာလုပ်ဖို့အတွက်
အပြင်ထွက်ဖို့ တွေးလိုက်၏။
ထို့ကြောင့် အနောက်ဘက်သို့
ခြေလှမ်းလှမ်းဖို့ ပြင်လိုက်တော့" မင်းပဲစဉ်းစားကြည့် ဆန်း
ကိုယ့်ကိုကူညီပေးတဲ့လူကို ငွေကြေးနဲ့
တန်ဖိုးဖြတ်တာက
ဘယ်လောက်တောင် မယဉ်ကျေးတဲ့
အပြုအမူကြီးလဲကွာ မသိရင်ငါကပဲ
ပိုက်ဆံလိုချင်လို့ သူ့ကိုကူညီပေးတဲ့ဆိုက်နဲ့"" ဒါကတော့ ရှင်းရှင်းလေးပဲလေ MDရယ် ...
သူက အမ်ဒီ့လိုမတွေးတတ်လို့ပေါ့
ဘယ်လိုပဲ လုပ်ငန်းတွေကိုဦးစီးနိုင်ပြီပြောပြော
အသက်အရွယ်က စကားပြောတယ်ဆိုတာ
MD ကြားဖူးတယ်မလား ... "" မင်းပြောတာလဲ ဟုတ်သလိုတော့ရှိသလိုပဲ "
" ဟုတ်သလိုတော့ရှိတာမဟုတ်ဘူးMDရ
ဟုတ်ကိုဟုတ်တာ ...
အမ်ဒီ့လို ကြီးတောင့်ကြီးမကြီးကတောင်
အခုလို စိတ်ကလက်တစ်ဆစ်ဖြစ်နေတာ
သူဆိုရင် အမ်ဒီ့ထက်အများကြီးငယ်တာ "
YOU ARE READING
အမုန်းတို့အလွန်