Part -6

7.3K 133 2
                                    

[ အခန်း -၆ ]

" ဘယ်လိုတောင် "

" ဖြေးဖြေးအော်ပါ တိမ်လွှာရယ်
နင်လုပ်တာ ငါ့မှာလိပ်ပြာလွင့်တော့မယ် "

စားသောက်တိုင်အတွင်း
ရေကို တဂွတ်ဂွတ်မော့ချနေတဲ့ တိမ်လွှာ့မှာဘယ်လောက်ထိတောင် ရှော့ရသွားတယ်မသိ
ငါးစက္ကန့်လောက်က စကားမပြောနိုင်ပဲ
ရင်ဘတ်ကိုဖိကာ အသက်ရှူနေရသည့်အဖြစ် !!

" နင်ကလိပ်ပြာလွင့်ရုံပဲ ငါက
ဝါယာနှစ်ခုပူးသလို ရှော့ရနေပြီ "

ရွှန်း ပြောပြပုံအရဆို
ကုန်ဆုံးခဲ့တဲ့နှစ်တွေမှာ တစ်ယောက်တည်း
စိတ်ဒုက္ခတွေများခဲ့မှာပေါ့ ...
နဂိုတည်းက အတွေးလွန်တတ်တဲ့
သူငယ်ချင်းမလေး ဘယ်လောက်ထိတောင်
စိတ်ပင်ပန်းခဲ့မလဲ ...

လက်ကလေး နှစ်ဖက်ပိုက်ကာ
အပြင်ဘက်ကို ကြည့်နေသည့်
သူမလေးရဲ့ လက်ကိုကိုင်၍

" ဒါဆို ငါ့သူငယ်ချင်းလေး
သိပ်ပင်ပန်းခဲ့မှာပဲ "

" အဲ့အချိန်တုန်းက ငါလည်း
စိတ်တွေရှုပ်နေခဲ့လို့ နင့်ကိုတောင်
မပြောဖြစ်ခဲ့တာ "

" ငါ နားလည်တယ်နော် ...
ဘယ်လိုအကြောင်းအရာတွေပဲ ဖြစ်လာလာ
နင့်ဘက်မှာ ငါတစ်ယောက်လုံးရှိတာမို့
ဖိုက်တင်း ရွှန်းရွှန်း "

" အဟွန်း "

လက်မောင်းတန်းကာ ဖိုက်တင်းဆိုသည့်
ပုံစံမျိုး လုပ်ပြနေတာမို့
စိတ်ညစ်နေတာတွေတောင်
ဘယ်ပျောက်သွားမှန်း မသိ !!

" အဲ့ဒါဆိုလည်း ငါတို့ပြန်ကြမယ်လေ
မနက်ဖြန်ဆို အလုပ်စ၀င်ရမှာဆိုတော့
သေချာပေါက် ပင်ပန်းတော့မှာ "

" အွန်း ... အဲ့ဒါတော့အသေအချာပဲ "

ခေါင်းလေး တစ်ဖက်စောင်းကာ
စားပွဲပေါ်မှ တစ်ရှူးစလေးကို
လိမ်ကျစ်နေတုန်း သူမဖုန်းလေးက
ထမြည်လာပေသည်။

" တီး "

" ဖုန်းလာနေတယ် ရွှန်း "

" ဘယ်သူ့ဆီကလဲ မသိဘူး "

စလင်းဘတ် အိတ်ကလေးဖွင့်ကာ
ဖုန်းကို ကြည့်လိုက်တော့
Screen ပေါ်မှ " Dad " ဆိုသည့်
နာမ်စားလေးကြောင့် ပြုံးလိုက်မိသည်။

အမုန်းတို့အလွန်Where stories live. Discover now