အမုန်းတို့ အလွန်
[အခန်း -၁]
" ရေး ....... ကမ်းပေ့ "
"Con Conပါ ရွှန်းရေ
ငါတို့ရဲ့သူငယ်ချင်းကြီးကတော့
တစ်ဖွဲ့လုံးကို ဂုဏ်ယူနိုင်အောင် လုပ်နိုင်ခဲ့ပြီ ""အဟွန်း "
ဆယ်တန်းကို
အဆောင်အတူတူနေခဲ့ကြပေမဲ့
အဖွဲ့ငါးယောက်ထဲမှာမှ
ဂုဏ်ထူးခြောက်ဘာသာနှင့်
တစ်နိုင်ငံလုံး Top ten၀င်သွားသည်က
Dana Groupရဲ့ သမီးငယ်
ဓနရွှန်းဝေ ဆိုသည့်သူမလေးဂုဏ်ပြုပွဲနှင့်အတူ
နောက်တစ်ပတ်နေရင် ကနေဒါကို
ပညာတော်သင်သွားတော့မည့်
သူမလေးအတွက် နှုတ်ဆက်ပွဲလုပ်ပေးဖို့
တစ်ဖွဲ့လုံး ချောင်းသာသို့
ရောက်ရှိနေကြခြင်းဖြစ်သည်။" ရွှန်း "
"ပြောလေ တိမ်လွှာ "
" နင်ကလေ တကယ်ပါပဲ
နှုတ်ခမ်းနီကို ရဲရဲလေးဆိုးထားပါလို့
ပြောထားပါရက်နဲ့ ပြန်ဖျက်ဖြစ်အောင်ကို
ဖျက်ပြစ်တယ် "" ငါမှ အဲ့လိုဆိုးရတာကြီးကို
မကြိုက်တာလို့ "ပါးမို့မို့လေးနဲ့ လိုက်ဖက်စွာရှိနေသည့်
သူမနှုတ်ခမ်းဖူးလေးက
ဆိုးဆေး မတင်ထားပါပဲနဲ့ကို
စိုရဲရဲလေးဖြစ်နေကျပင်ဒီနေ့တစ်ညလုံးကို အပြတ်ကဲမှာမို့
သူမလေးဖခင်ပိုင်သည့် ဟိုတယ်မှာတောင်
မတည်းဘဲ သူမတို့သူငယ်ချင်းတစ်စုအတွက်
သီးသန့်ဟိုတယ်တစ်ခုကို ငှားထားကာ
အခုညပါတီပြီးရင် ဆက်ကဲကြဖို့အတွက်
အစီအစဉ် ကြိုဆွဲနေကြခြင်းပင်" ကာရာအိုကေဆိုကြမလား ရွှန်း "
" ရှင်လေးတို့ စိတ်ကြိုက်ပါရှင်
ကျွန်မက ဘာလာလာ
အိုခေပြီးသား "" အဲ့ဒါဆိုရင် ကလပ်သွားရအောင်လေ "
" မိုက်တယ်ဟ "
"အဲ့အကြံ မဆိုးဘူးဟဲ့ "
ကလပ်ဆိုတော့မှ ထောက်ခံသံတွေက
များလာတာမို့ ရွှန်းလဲ
ဘာမှ၀င်မပြောဖြစ်တော့လူငယ်အဖွဲ့မို့ မလုပ်ဖူးတာတွေကို
လက်တည့်စမ်းချင်တာက
သဘာ၀လိုကို ဖြစ်နေတော့သည်။
YOU ARE READING
အမုန်းတို့အလွန်