Part -21

9.1K 217 17
                                    

[ အခန်း -၂၁ ]

ထိခိုက်မှုကပြင်းတာမို့ နဂိုတည်းက
ဦးနှောက်သေသလို ဖြစ်သွားခဲ့ရတဲ့အဖိုးက
စက်ကိရိယာတွေကြောင့်သာ
အသက်ဆက်ရှင်နေတာဟု ပြောသည်။

ဦးနှောက်သေသွားပြီးနောက်မှာတော့
ခန္ဓာကိုယ်ကြီးကလဲ အတွင်းပိုင်းတွေဟာ
နောက်ပိုင်း တဖြေးဖြေးပျက်ဆီးသွားရုံသာရှိပြီး
လူကတော့ အဖတ်မတင်တော့ဘူးတဲ့ !!

ဆရာ၀န်တွေရဲ့ပြောဆိုချက်အရဆို
အခုနေများ အဖိုးကို
စက်ကိရိယာတွေဖြုတ်ပြစ်ပြီး
အဖိုးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို
လှူခဲ့မယ်ဆိုရင်တော့ ရသေးသည်ဟုဆိုသည်။

" အဖေက အရင်တကည်းက
သူ့သေတမ်းစာမှာ ရေးထားခဲ့ပြီးသားအမိန့်
သူသေသွားခဲ့ရင်လည်း ကျန်ရစ်ခဲ့တဲ့သူအချို့ကို
သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့
အသက်ဆက်စေ ချင်တယ်တဲ့
သေရတာကိုတော့ သူစိတ်ဖြောင့်ချင်တယ်တဲ့ကွာ "

" ဒီကိစ္စတွေအားလုံးကို တစ်နေ့ကပဲ
ဆရာ၀န်ကြီးနဲ့ ငါတိုင်ပင်ခဲ့တာ
အဖေ့ကိုဒီထက်ပိုပြီး မပင်ပန်းစေချင်တော့ဘူး
ငါတို့ဘက်က လုပ်ပေးနိုင်တာက
အဖေ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ပဲ
မဟုတ်လား ...."

" တကယ်တော့ ဒီအစီအစဉ်တွေကို
မင့်ကိုကြိုပြောခဲ့သင့်တာ ငါသိတယ်
ဒါပေမဲ့ အဖေ့ကိုသိပ်ချစ်လွန်းတဲ့မင်းက
အခုအစီအစဉ်ကို ဘယ်လိုမှ
လက်ခံနိုင်မှာမဟုတ်မှန်း
ငါကောင်းကောင်း သိလို့ "

" အခုချိန်မှာ မင်းငါ့ကိုထိုးချင်ရင်လည်း
ထိုးတော့ အမိန့်ရာ ... "

ထိုစကားလုံးများကတော့
မန္တလေးရောက်ရောက်ချင်း ကြားလိုက်ရတဲ့
ဦးငယ်ဆီက ဖြေရှင်းချက်များသာ ...

အနက်ရောင်၀တ်စုံအသီးသီး
၀တ်ထားကြတဲ့ လူများအားလုံးက
မိုးတဖွဲဖွဲကျနေပေမဲ့
မိုးပြာရောင်အုတ်ဂူလေးရှေ့
စီတန်းရပ်နေကြသည်။
တစ်ချိန်က စီးပွားရေးလောကရဲ့
ကြယ်ပွင့်တစ်ပွင့်ဖြစ်ခဲ့သလို
အမိန့်သွေးဆိုသော ထိုလူသား၏
အသဲအသက်ဖြစ်တဲ့
အဖိုးဖြစ်သူဟာ ကြွေလွင့်သွားခဲ့ချေပြီ။

You've reached the end of published parts.

⏰ Last updated: Jun 30 ⏰

Add this story to your Library to get notified about new parts!

အမုန်းတို့အလွန်Where stories live. Discover now