Part -9

5K 100 1
                                    

[ အခန်း -၉ ]

ညကသာ နက်သထက်နက်လာပေမဲ့
မွေ့ယာထူကြီးပေါ်၌ ဘယ်လိမ့်လိုက်
ညာလိမ့်လိုက်ဖြင့်
အိပ်မပျော်နိုင်သေးတဲ့တာက ဓနရွှန်းဝေဆိုတဲ့အမျိုးသမီးလေးဖြစ်၏။

" မာမီ့မှာ အရင်အိမ်ထောင်နဲ့
သားတစ်ယောက် ရှိခဲ့တယ်ရွှန်းရွှန်း "

" သမီးဒယ်ဒီက မာမီ့အပေါ်
ချစ်တဲ့စိတ် တစ်ခုတည်းနဲ့
အရာအားလုံး နားလည်လက်ခံပေးခဲ့တယ်
ဆိုပေမဲ့
သမီးလေးလဲ အခုချိန်မှာ
ဒီအ‌ကြောင်းအရာတွေကို သိသင့်တဲ့
အရွယ်တစ်ခုရောက်နေပြီမို့
မာမီက အသိပေးချင်တာ "

" ဒီအကြောင်းအရာတွေက သမီးအတွက်
အရေးမပါပေမဲ့
သိထားတယ် ရှိအောင်ပေါ့ ရွှန်းရွှန်းရယ်
မာမီပြောချင်တာကို
သမီးလေး သဘောပေါက်မှာပါ "

ညနေက မာမီပြောခဲ့တဲ့စကားလုံးတိုင်းကို
ရွှန်းအတွေးထဲကနေ
အခုချိန်ထိ ဖျောက်ပြစ်လို့ မရသေး !!

မာမီ့မှာ သားတစ်ယောက်ရှိခဲ့ဖူးတာက
ရွှန်းအတွက် မထူးဆန်းပေမဲ့
ညနေကဆိုင်ထဲမှာ ဖြစ်သွားခဲ့တဲ့
အဖြစ်အပျက်ကတော့ ရွှန်းကို
မတွေးရ မနေနိုင်အောင်အထိ
ဖြစ်စေသည်။

" ဘာလို့မာမီက သူ့ကိုတွေ့မှ
ဒီအကြောင်းတွေ ပြောလာရတာလဲ "

တကယ်ဆို အမိန့်သွေးဆိုတဲ့
ထိုလူကြီးကလည်း
ရွှန်းနဲ့ဘယ်လိုပဲ ပြိုင်ဘက်တွေ ဆိုထားအုံးတော့
လူကြီးတစ်ယောက်အပေါ်
အခုလောက်အထိတော့ မရိုင်းသင့်ဘူး
မဟုတ်လား ...

သူနဲ့ မာမီ့ကြားမှာ ရွှန်းတို့မသိသေးတဲ့
အကြောင်းအရာတစ်ခုခုများ
ရှိခဲ့ကြတာလား ...

" အဲ့ဒီလိုသာဆိုရင် ဒယ်ဒီကရော ... "

ဒယ်ဒီက ဘာတစ်ခုမှ မသိခဲ့တဲ့သူလား

" တကယ့် အကြောင်းရင်းမှန်က
သတ်သတ်ရှိနေခဲ့တာလား
ဒါမှမဟုတ် ငါကပဲ
အတွေးလွန်နေမိတာလား ..."

အိပ်ခန်းထဲက ညအိပ်မီးလေးကိုသာ
ထွန်းထားတဲ့ သူမလေးက
ထိုကဲ့သို့ အတွေးတွေ လွန်နေသလို
သူမလေးတို့ တိုက်ပြာကြီးရှေ့မှ
အနက်ရောင် BMW ကားအရှေ့၌
ခပ်လျှောလျှောထိုင်ကာ လက်နှစ်ဖက်ကို
နောက်ပြစ်ထားသည့် အမိန့်ကလည်း
မီးရောင်မှိန်မှိန်‌လေးသာ ထွန်းထားတဲ့
ထိုအခန်းလေးကို စိုက်ကြည့်နေမိ၏။

အမုန်းတို့အလွန်Where stories live. Discover now