Part -14

5.2K 118 3
                                    

[အခန်း -၁၄]

" ဝါး ... ရှုခင်းတွေကရှယ်ဂျလန်းတာဟ "

" ဟုတ်ပဟယ် "

တောင်ပေါ်ရောက်တော့မှ
စိတ်လွှတ်လက်လွှတ် ပျော်နိုင်‌တော့တဲ့
ရွှန်းအဖြစ်က တခြားသူတွေ
ကြားရင်လည်း ရီချင်စရာတော့
ကောင်းသား ...

တစ်လမ်းလုံး ဟိုလူကြီးရဲ့နောက်မှာ
ထိုင်စီးပြီး တကြတ်ကြတ်ရန်ဖြစ်ခဲ့ရလို့
တိမ်လွှာတို့ကတောင် ဝိုင်းစကြသေးသည်။

ညားခါစ ဇနီးမောင်နံတွေ
ဟန်းနီးမွန်း ထွက်လာသလိုပဲတဲ့လေ ...

အားလုံးက သဘာ၀အလှအပတွေကို
တစ်၀ကြီးခံစားနေကြပေမဲ့
လမ်းကအနည်းငယ်ကြမ်းတော့
မျက်နှာမအီမသာနဲ့ ဘုန်းလက်ရုံးက
တိမ်လွှာနဲ့ရွှန်းတို့အနား ထသွားလိုက်သည်။

" ကျွန်တော် ရွှန်းရွှန်းကို ပြောစရာလေးရှိလို့ "

" ပြောလေ ကိုဘုန်းလက်ရုံး "

သူမလေးက ထိုင်နေရာမှ
မတ်တပ်ထရပ်ကာ ဖုန်ခါလိုက်၍
ဘုန်းလက်ရုံးနဲ့ မျက်နှာချင်းဆိုင်
လှည့်လိုက်သည်။

" တောင်ပေါ်အထိလာရတာက
ခရီးပန်းသလိုပဲဆိုတော့ ကျွန်တော့အထင်
ခရီးသွားလည်ပတ်သူတွေလည်း
ရောက်ဖြစ်ဖို့က သိပ်မသေချာဘူးလေ ...
အဲ့လိုဆိုတော့ အောက်ဘက်ပိုင်းကိုပဲ
သေချာလေး မွမ်းမံလိုက်ကြမလားလို့ "

" တောင်ပေါ်ဘန်ဂလိုတွေရဲ့ အားသာချက်က
ရှုခင်းတွေအားလုံးကို သူ့ဆီကပဲ
အပိုင်စီးကြည့်နိုင်လို့ လည်ပတ်သူတွေက
သဘောကျကြတာ ...
ဆောင်းတွင်းဆိုရင် တောင်ပေါ်ဘန်ဂလိုက
ဧည့်ပိုများလို့ ဘန်ဂလိုတွေကို
အခုကတည်းက တိုးထားသင့်တယ်ချာတိတ် "

ရောက်လာကတည်းက
တိတ်ဆိတ်နေတဲ့ အမိန့်က
အခုလို အကြံပေးရမဲ့နေရာမျိုးမှာဆိုရင်တော့
သူက ၀င်ပါလာတတ်သည်။

" အဲ့ဒါတော့ဟုတ်တယ် မရွှန်း
Resort မှာက ဆောင်းတွင်းဆို
တောင်ပေါ်တက်ကြတာ များတယ်"

နယ်ခံ‌တွေဖြစ်ကြတဲ့ ၀န်ထမ်းတွေကအခုလိုအကြောင်းအရာတွေ သိထားတာ
မဆန်းပေမဲ့
အခြေခံအချက်အလက်တွေက အစ
နည်းစနစ်ကျကျ သိထားတဲ့ဟိုလူကြီးကတော့
အလုပ်မှာ စေ့စပ်မှုသိပ်ရှိမှန်းပေါ်လွင်လှသည်။

အမုန်းတို့အလွန်Where stories live. Discover now