သိပ်ချစ်ရပါသောချစ်သူမိန်းကလေးတစ်ယောက်လက်နဲ့ပဲဘ၀ပေါင်း၁၇ဘ၀လောက် သေဆုံးခဲ့ရပြီး
တစ်ဖန်ပြန်လည် မွေးဖွားလာသော ဧသာမုတ္တာ...
ယခင်ဘ၀အားလုံး၏ မှတ်ဉာဏ်ရှိနေသော
သူမအဖို့ ထိုချစ်ရသူအား မုန်းတီးပစ်ဖို့
မေ့ပစ်ခဲ့ဖို့ ဆုံးဖြတ်ချက်အား
အခိုင်အမာတည်ဆောက်ပြီးချိန်.....သူမတစ်ဖန်မွေးဖွားလာခဲ့သော ဤယခုဘ၀တွင်
သူမအတွက် ဘယ်လိုရန်သူမျိုးမှမပေါ်လာခဲ့သည်အထိ အေးချမ်းသာယာနေခဲ့ရာမှ
အသက်၁၆နှစ်ပြည့်လွန်ပြီးချိန်တွင်
စောင့်ကြိုလျက်ရှိနေသော ကြမ္မာမုန်တိုင်းကား
အသင့်၀င်ရောက်လာခဲ့လေသည်။တစ်ချိန်က အသည်းနင့်အောင်ချစ်မြတ်နိုးရပါသော...
ယခုလက်ရှိတွင် ဆူးနစ်အောင် မုန်းတီးရပါသော...
ထိုမိန်းကလေးနှင့် တစ်ဖန်ပြန်လည်တွေ့ဆုံကြရပြီး
ရှောင်လွှဲမရသော ထိုကြမ္မာနွံထဲ တစ်ဖန်ပြန်လည်
ကျဆင်းရလေသော်အရင်လိုကံကြမ္မာအလိုကျ အရှုံးမပေးတော့ဘဲ
ပြန်လည်တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့လေသည်။ဤဘ၀မှာ သူမရဲ့ကံကြမ္မာဆိုးကနေ လွှတ်မြောက်အောင်
ဘယ်လိုများရုန်းကန်သွားနိုင်မလဲ..?လွှတ်မြောက်နိုင်မလား ဒါမှမဟုတ်....
ထပ်ပြီးတော့ပဲ နစ်နေဦးမှာလား....?
ဆိုတာကိုတော့ စာဖတ်ပရိတ်သတ်ကပဲ
ဆက်လက်ဖတ်ရှုပေးကြပါနော်....ပြောချင်တဲ့အချက်လေးကတော့
တစ်ဖက် type လေးက အလံနီကြီးပါလို့ 🚩🚩 😁😁
အရမ်းလည်းချစ်တတ်.....😁
အရမ်းလည်း သ၀န်တိုတတ်
ကာယကံရှင်လေးက ပြန်မချစ်တဲ့အပြင်
အသေအလဲမုန်းနေတာတောင်
သူ့အပိုင်မှသူ့အပိုင်ဆိုတာမျိုး....
မျက်နှာပြောင်အတိုက်နိုင်ဆုံးလူသားလေးပါ
😁😁
Zawgyi
အရမ်းလည်းချစ်တတ်.....😁
အရမ်းလည်း သ၀န်တိုတတ်
😁😁
#Ari Chu
YOU ARE READING
ဘ၀အဆက်ဆက် သွေးမြေခလေသော်(GL)(Uni+Zaw)
Historical Fiction🌹🌹🌹 *ဧသာ...မင်းက ငါမင်းသမီးတစ်ယောက်ထဲရဲ့ အပိုင်ဘဲ...ဒီတစ်သက်လုံး ငါကိုယ်တော်ကို မချစ်မနှစ်သက်ဘဲ မုန်းနေမယ်ဆိုရင်တောင် ကိစ္စမရှိဘူး....ငါကိုယ်တော်ကို ဒီ့ထက်မက ပိုပြီးမုန်းနေရအောင်ပဲ လုပ်ပေးမယ်.... ကိုယ်တော်မင်းသမီး တစ်ခုသတိထားမိတယ်သိလား လူ...