အရှင်မင်းမြတ်ဆီအခစား၀င်ပြီး၍ပြန်ထွက်လာချိန်သည်ကား
အလွန်ကို အချိန်လင့်နေပြီဖြစ်သည်။
ထို့ကြောင့်ဧသာက ကိုယ့်အဆောင်ကိုပြန်ဖို့ခြေလှမ်း
ပြင်လိုက်စဉ် ရွှေနန်းကလျာက
"ဧသာ...."
"မှန်ပါ့.....ဘာများမိန့်မှာချင်လို့ပါလဲ..?ဘုရား..."
"နန်းတွင်းရေးရာကိစ္စဆိုတာ...အပြင်က
သာမာန်ပြည်သူတွေရဲ့
ကိစ္စဝိစ္စလိုရိုးရှင်းတာမဟုတ်ဘူး...
ဧသာလည်း နန်းတော်ထဲမှာကြီးပြင်းလာတာဆိုတော့
ဒီလိုကိစ္စမျိုးကို ကိုယ်တော်အထူးတလည်
ရှင်းပြနေစရာမလိုပါဘူး....
ဒါပေမယ့် ဧသာ....ကိုယ့်ကိုကိုယ်တော့ အမြဲ
ပိတ်လှောင်မထားနဲ့....
အဲ့လိုလုပ်တာက ပြသာနာတွေကိုပိုပြီးတော့
ဖိတ်ခေါ်သလိုဖြစ်နေတယ်...
ကိုယ်တော်သတိပေးချင်တာတစ်ခုကတော့
မပတ်သက်သင့်တဲ့လူတွေနဲ့ ဝေးဝေးမှာနေပြီး
သတိထားနေနေဖို့ပဲ....
ပုံမှန်ဆို ကိုယ်တော် ဒီစကားကိုမပြောချင်ပါဘူး...
ဒါပေမယ့် ဧသာက ရုဇာနဲ့ပတ်သက်နေလို့ကို
ကိုယ်တော်သတိပေးရတာ...
ညီလာခံမှာ ရုဇာကိုဆွဲချဖို့ သူတို့တွေဘယ်လောက်ထိ
ကြိုးစားကြလဲဆိုတာ ဧသာလည်းမြင်ခဲ့ပြီးပြီမလား
ဒါကြောင့် ဧသာဘယ်လိုပဲနေနေ သူတို့ရဲ့
မြင်ကွင်းအောက်ကနေ ပြေးမလွှတ်ဘူး....
အထူးသဖြင့်....
အိမ်ရှေ့မိဖုရားပေါ့..."
"...ကျွန်တော်မျိုးမ မှတ်သားထားပါ့မယ် ဘုရား..."
ငြိမ်သက်စွာတုံ့ပြန်လာသော ဧသာကြောင့်
ရွှေနန်းကလျာ သက်ပြင်းချလိုက်ရင်း
YOU ARE READING
ဘ၀အဆက်ဆက် သွေးမြေခလေသော်(GL)(Uni+Zaw)
Historical Fiction🌹🌹🌹 *ဧသာ...မင်းက ငါမင်းသမီးတစ်ယောက်ထဲရဲ့ အပိုင်ဘဲ...ဒီတစ်သက်လုံး ငါကိုယ်တော်ကို မချစ်မနှစ်သက်ဘဲ မုန်းနေမယ်ဆိုရင်တောင် ကိစ္စမရှိဘူး....ငါကိုယ်တော်ကို ဒီ့ထက်မက ပိုပြီးမုန်းနေရအောင်ပဲ လုပ်ပေးမယ်.... ကိုယ်တော်မင်းသမီး တစ်ခုသတိထားမိတယ်သိလား လူ...