မနက်ခင်းမိုးမလင်းခင်ကတည်းကဗရုတ်သုတ်ခပုံစံနဲ့ရောက်လာပြီး
အကုသိုလ်ပေးထားသည့်အပြင်
ယခု ခေါင်းလောင်းခြောက်ချက်ထိုးပြီးသည်ထိတိုင်
ထိုမိန်းမမပြန်နိုင်သေး။
ဧသာ့အဆောင်တော်တွင်သာ တောက်တဲ့ကဲ့သို့
တွယ်ကပ်နေလျက်ရှိကာ သူမဘာလုပ်လုပ်
အနီးတစ်နေရာကနေအမြဲ မျက်လုံးမလွှဲ
ကြည့်နေလျက်ရှိသည်။
အခွင့်အခါသင့်၍ တိုက်ဆိုင်စွာ မျက်လုံးချင်း
ဆုံမိလေလျှင် ပြုံးပြသောထိုမိန်းမအား
မျက်စောင်းထိုး၍ ပြန်ချေပလိုက်လေသည်။
ဧသာ ဘုရား၀တ်ပြုပြီးခဏအကြာ...
အစေခံတစ်စု ခပ်သုတ်သုတ်၀င်လာ၍
စားတော်ပွဲတည်ရန် ပြင်ဆင်ပေးကြလေသည်။
ပုံမှန်ဆို ကိုယ်တိုင်ကိုယ်ကျ မီးဖိုဆောင်၀င်၍
စိတ်တိုင်းကျချက်ပြုတ်စားနေကျ။
ဒီနန်းတွင်းစာတွေကို ဧသာတစ်ယောက်
ခံတွင်းမတွေ့ပါပေ။ယခင်ဇာတိ ဟံသာ၀တီမှာတော့
သူမအကြိုက်တွေကို စာဖိုမှုးကရင်းနှီးနေပြီးသားမို့
ပြဿနာမရှိပေမယ့် ယခုနယ်အသစ်မှာတော့
အတော်အခက်တွေ့ရသည်။
ကြိတ်မှိတ်စားလို့ရပေမယ့်
မစားနိုင်သည်က ခပ်များများမို့ မီးဖိုဆောင်မှာ
စိတ်တိုင်းကျသွားရောက်ချက်ပြုတ်ဖြစ်ခြင်းပင်။
ထိုစဉ်
"ဧသာ.....ကိုယ်တော့်နားလာခဲ့ "
စားတော်တည်ရာပွဲတွင်ထိုင်လျက် သူမကို
လက်ယှက်၍ လှမ်းခေါ်နေသူ ထိုမိန်းမ။
ဘေးနားတွင်ရပ်စောင့်လျက်ရှိနေသော
အစေခံတွေကို သတိထားမိသည်မို့
အပြောအဆိုဆင်ခြင်ရမည်ပင်။
YOU ARE READING
ဘ၀အဆက်ဆက် သွေးမြေခလေသော်(GL)(Uni+Zaw)
Historical Fiction🌹🌹🌹 *ဧသာ...မင်းက ငါမင်းသမီးတစ်ယောက်ထဲရဲ့ အပိုင်ဘဲ...ဒီတစ်သက်လုံး ငါကိုယ်တော်ကို မချစ်မနှစ်သက်ဘဲ မုန်းနေမယ်ဆိုရင်တောင် ကိစ္စမရှိဘူး....ငါကိုယ်တော်ကို ဒီ့ထက်မက ပိုပြီးမုန်းနေရအောင်ပဲ လုပ်ပေးမယ်.... ကိုယ်တော်မင်းသမီး တစ်ခုသတိထားမိတယ်သိလား လူ...