တောင်ကျချောင်းလေးရှိပြီး လွန်စွာလှပသည့်ရှုခင်းများရှိသည့်အပြင် ယုန်၊သမင်၊ဒရယ်စသည့်
သားကောင်ငယ်လေးများလည်း
ပျော်ပါးကြက်စားရာ၊ပန်းများစုံလင်စွာဖြင့်
သူ့အပြိုင်ငါ့အပြိုင်ဖူးပွင့်နေကြရာ
ထိုနေရာလေးသည် မဟာရတုနှင့်ထိုမိန်းကလေး၏
အဖိုးမဖြတ်နိုင်သော နေရာပင်ဖြစ်ခဲ့ရလေသည်။
အတူတူ စစ်တုရင်ကစား၊နိုင်ငံရေးအကြောင်းတွေ
ဆွေးနွေးနှင့် တစ်ယောက်ခံစားချက်တစ်ယောက်
ရင်ဖွင့်ခဲ့ကြသည့်နေရာလေးလည်းဖြစ်လေသည်။
ဆေးပညာနှင့်စိုက်ပျိုးရေးအပေါ်သာ
စိတ်၀င်စားသည့်
ထိုမိန်းကလေး၏ အကြည့်တွေ
အပြောအဆိုတွေအောက်မှာ မဟာရတုဆိုသည့်
လူတိုင်းအားထားကိုးကွယ်ရသည့်
မင်းသမီးတစ်ပါးက ကြွေဆင်းခဲ့ရသည်လေ။
ထိုသို့ပျှော်ရွှင်စွာကုန်ဆုံးပြီး လေးနှစ်အကြာ
မဟာရတုမင်းသမီး၏ သက်တော်၂၀ပြည့်နှစ်
အရွယ်တွင် ပြည်မင်းနေပြည်တော်တွင်
ကံကြမ္မာဆိုးတဖန် ပြန်၀င်လို့လာလေသည်။
မုချမလွှဲသာပေါ့.....
အင်း၀ပြည်ထောင်မှ စစ်ချီလာခြင်းပင်။
သို့ရာတွင် ပြောင်းလဲသွားသည်က
ဓားစာခံမင်းသမီးတစ်ပါးသာပေးအပ်လျှင်
ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆို၍ရသည်
ဟူ၍ဖြစ်သည်။
###############################
နန်းရင်ပြင်တစ်နေရာ၀ယ်....
အမတ်ချုပ်ကိုယ်တိုင်ဦးဆောင်လျက်ရှိသော
အမတ်များအဖွဲ့စုသည် မြေပေါ်ခေါင်းအပ်ကာ
ဆန့်ကျင်ဆန္ဒပြလျက်ရှိနေသည်။
"မင်းသမီးကိုယ်တိုင် ဓားစာခံအဖြစ် သွားရောက်ဖို့
YOU ARE READING
ဘ၀အဆက်ဆက် သွေးမြေခလေသော်(GL)(Uni+Zaw)
Fiction Historique🌹🌹🌹 *ဧသာ...မင်းက ငါမင်းသမီးတစ်ယောက်ထဲရဲ့ အပိုင်ဘဲ...ဒီတစ်သက်လုံး ငါကိုယ်တော်ကို မချစ်မနှစ်သက်ဘဲ မုန်းနေမယ်ဆိုရင်တောင် ကိစ္စမရှိဘူး....ငါကိုယ်တော်ကို ဒီ့ထက်မက ပိုပြီးမုန်းနေရအောင်ပဲ လုပ်ပေးမယ်.... ကိုယ်တော်မင်းသမီး တစ်ခုသတိထားမိတယ်သိလား လူ...