*မထင်ထားခဲ့ဘူး...ဒီကလေးမရဲ့ရှက်ကြောက်တတ်တဲ့
မျက်နှာထားလေးက ငါကိုယ်တော်
ပုံဖော်ထားတဲ့ပုံစံထက်တောင် ပိုစွဲမက်ဖို့
ကောင်းနေပါလား...အထူးသဖြင့် ငါမင်းသမီး
စွဲလမ်းခဲ့တဲ့ အဲ့ဒီ မျက်၀န်းအကြည့်လေးတွေ...*
အိပ်ရာနံဘေးတွင်ထိုင်ကာ သူမကိုစိုက်ကြည့်လျက်
ရှိနေသော ထိုမိန်းမအား
"လွှတ်ပေး...ငါ့ကိုလွှတ်ပေး...." ဟုသာတတွင်တွင်
ပြောနေမိလေသည်။
ထိုမိန်းမကမူ သူမပြုမူသမျှကို တစိမ့်စိမ့်အရသာ
ခံနေသလို ပြုံးလျက်သာ သူမကိုကြည့်နေလေသည်။
"အော်နေတာ တော်တော်တောင်ကြာနေပြီဆိုတော့
မောပြီး အာချောက်လောက်ရောပေါ့....လာ...
ရေလေးနည်းနည်းသောက်လိုက်...."
ပြောရင်းဆိုရင်း သူမနှုတ်ခမ်းတွင်
တေ့ပေးလာသော ရေခွက်အား မျက်နှာဖြင့်သာ
တွန်း၍ တိုက်ချပစ်လိုက်သည်။
"မလိုဘူး.....ငါ့ကိုလွှတ်ပေး....."
ရုဇာကလည်း လွှင့်စင်ကျသွားသော
ရေခွက်ကိုပြန်ကောက်၍
ရေကျင်းလိုက်ကာ နောက်တစ်ခွက်ထပ်မံထည့်
လိုက်လေသည်။ပြီးသည်နှင့် ထပ်တိုက်ရန်လုပ်တော့
ဧသာက တစ်ဖက်ဆန့်ကျင်ဘက်ကို လှည့်လိုက်ပြီး
"မလိုဘူးလို့ပြောနေတယ်....နင့်ဆီကယူရမှာထက်
အသေပဲခံလိုက်မယ်...."
ထိုစကားကိုကြားလေတော့ စောစောကအပြုံးရိပ်မှာ
ပြန်လည်ပျောက်ကွယ်သွားကာ
ပြန်၍ပြောသည်က
"ဒီလောက်တောင် ငါ့ကိုမုန်းနေတာလား...ဟမ်"
ထိုမေးခွန်းမေးလေတော့
ဧသာဂရုမစိုက်ဟန်ပြုကာ တစ်ဖက်သို့သာ
YOU ARE READING
ဘ၀အဆက်ဆက် သွေးမြေခလေသော်(GL)(Uni+Zaw)
Historical Fiction🌹🌹🌹 *ဧသာ...မင်းက ငါမင်းသမီးတစ်ယောက်ထဲရဲ့ အပိုင်ဘဲ...ဒီတစ်သက်လုံး ငါကိုယ်တော်ကို မချစ်မနှစ်သက်ဘဲ မုန်းနေမယ်ဆိုရင်တောင် ကိစ္စမရှိဘူး....ငါကိုယ်တော်ကို ဒီ့ထက်မက ပိုပြီးမုန်းနေရအောင်ပဲ လုပ်ပေးမယ်.... ကိုယ်တော်မင်းသမီး တစ်ခုသတိထားမိတယ်သိလား လူ...