Volume-16(Uni+Zawgyi)

160 15 7
                                    

ကတိတစ်လုံးဆိုတာ ဘ၀မှာလွယ်လွယ်

မပေးကောင်းဘူးတဲ့

သွေးထွက်အောင်မှန်လိုက်တဲ့စကား....

တည်ထားနိုင်ရင်တော့ ကောင်းသလို

မတည်လိုက်နိုင်ရင်တော့ တစ်ဘ၀လုံးအတွက်

ပြစ်ချက်တစ်ခုဖြစ်လာပြီး အများသူဆီက

ရထားတဲ့ယုံကြည်မှုလည်း အလိုလိုပျက်ဆီး

ဆုံးရှုံးသွားမှာပဲ....

ရခဲ့ဖူးသမျှ ဘ၀တွေထဲမှာ

ယခုဘ၀ဟာ ဟန်ဧသာအတွက် ပဟေဠိအများဆုံးနဲ့

စိတ်ကျဉ်းကျပ်စရာအကောင်းဆုံးပင်။

###############################

နေထိုင်ရာအဆောင်သို့ပြန်ရောက်လာသော

ဧသာမှာ ယခုထိတိုင်စိတ်မအေးနိုင်ရ။

တော်သေးသည်ပင် ....

ညီလာခံကတည်းက မျက်နှာပင်မပြောနှင့်

အရိပ်တောင်ထူးဆန်းစွာပျောက်ဆုံးနေသော

ရွှေနန်းရုဇာကြောင့် အနည်းငယ်

စိတ်သက်သာရာ ရသလိုတော့ရှိသည်။

အင်း၀ပြည်ထောင်ထဲကိုရောက်တာ

မကြာသေးပေမယ့် ကြုံရဆုံရတဲ့ပြဿနာကတော့

လွန်စွာမှများလွန်းလျက်ရှ်ိသည်။

ဒီရက်ပိုင်းတော့ သူမ ဘာပြဿနာမှ

ထပ်မလိုချင် အေးအေးဆေးဆေး

ဘုရားမှုတရားမှုပြုချင်မိပေသည်။

စဉ်းစားရင်း ကြေးမှုံမှန်ကိုယူကာ လည်ပင်းဒဏ်ရာကို

ကြည့်လိုက်လေသည်။

"ဒီရက်ပိုင်း....အပြင်သိပ်မထွက်မိအောင်

ရှောင်ရမယ်.."

ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကိုယ့်ကိုကိုယ် သတိပေးရင်း

ရောင်ရမ်းနေသော ဒဏ်ရာကို ဆေးလိမ်းရန်

ပြင်လိုက်သည်။

ထိုစဉ်

"ဧသာ....!! "

ရုတ်တရက်ပေါ်ထွက်လာသော မ်ိန်းကလေးသံ

ဘ၀အဆက်ဆက် သွေးမြေခလေသော်(GL)(Uni+Zaw)Where stories live. Discover now