သ၀ဏ်လွှာတွင်မိန့်ထားသော ဥယျာဉ်တော်ရှိရာဧသာ ရောက်လာလေသော်
နန်းတွင်းမိန်းမစိုးတစ်ဦး အသင့်စောင့်လျက်
ရှိနေလေသည်။
သူမကိုမြင်သည်နှင့် မိန်းမစိုးကအရိုအသေပေးကာ
"မင်းသမီး ....ဘုရင်ကြီးနဲ့မိဖုရားခေါင်ကြီး
စောင့်နေပါတယ်....ကျွန်တော်မျိုးနောက်က
လိုက်ခဲ့ပေးပါ ဘုရား..."
မိန်းမစိုးဦးဆောင်ရာသို့ ထပ်ကြပ်မကွာလိုက်လာပြီး
အပန်းဖြေအဆောင်တော်ရှေ့ရောက်သော်
မိန်းမစိုးက အရိုအသေပေး၍ ပြန်ထွက်သွားခဲ့သည်။
ဧသာကို မြင်သည်ဆိုလျှင်ပင် မိဖုရားခေါင်က
ထိုင်ရာမှထ၍ လက်ယှက်လှမ်းခေါ်လေသည်မို့
သူမလည်းခပ်သုတ်သုတ်ပင် ဘုရင်ကြီးနှင့်
မိဖုရားခေါင်ရှိရာသို့ အခစား၀င်ကာ အရိုအသေ
ပေးလိုက်လေသည်။
"မင်းကြီး....မယ်ခေါင်ကြီး....စောင့်နေရအောင်
လုပ်မိပါပြီဘုရား..."
ထိုအခါ ဘုရင်ကြီးက လက်ကာပြ၍
"ဘာမှမပြောပလောက်တဲ့ကိစ္စလေးပဲကို....
စိတ်ထဲအရမ်းထားနေစရာမလိုပါဘူး....
ထိုင်လိုက်ပါ...."
"ကျေးဇူးတင်ပါတယ် မင်းကြီး..."
ဧသာ ထိုင်လိုက်စဥ်တွင်ပင် ဘုရင်ကြီးက
"ဒီတော့....ဧသာ....ဘယ်လိုလုပ်ဖို့
ဆုံးဖြတ်ပြီးပြီလဲ..?...." ဟူ၍ မေးမိန့်လေသည်။
ထိုစဉ်တွင် မိဖုရားခေါင်ကလည်း
အနည်းငယ်စိတ်ဆိုးနေသော လေသံဖြင့်
"ဧသာမနေ့က ရွှေနန်းရုဇာမင်းသမီးဆီသွားခဲ့တယ်ဆို
မင်းကြီးနဲ့တောင်မတိုင်ပင်ဘဲ ဘာကြောင့်
ကိုယ့်သဘောနဲ့ကိုယ်သွားခဲ့ရတာလဲ..?
ဧသာဆန္ဒမရှိဘူးဆိုရင် သူတို့ဘက်က
YOU ARE READING
ဘ၀အဆက်ဆက် သွေးမြေခလေသော်(GL)(Uni+Zaw)
Historical Fiction🌹🌹🌹 *ဧသာ...မင်းက ငါမင်းသမီးတစ်ယောက်ထဲရဲ့ အပိုင်ဘဲ...ဒီတစ်သက်လုံး ငါကိုယ်တော်ကို မချစ်မနှစ်သက်ဘဲ မုန်းနေမယ်ဆိုရင်တောင် ကိစ္စမရှိဘူး....ငါကိုယ်တော်ကို ဒီ့ထက်မက ပိုပြီးမုန်းနေရအောင်ပဲ လုပ်ပေးမယ်.... ကိုယ်တော်မင်းသမီး တစ်ခုသတိထားမိတယ်သိလား လူ...