အခန်း ၂၆ မှ ၃၀

31 6 0
                                    


အခန်း ၂၆


ဖေဖေ ဘာဖြစ်နေတာလဲ?

စုန့်ချောင်ရှီအံ့သြနေပြီး သူမဦးနှောက်ကိုလျင်မြန်စွာအသုံးပြုကာ စဉ်းစားနေသော်လည်း သူမဖေဖေက ထိုသို့ထူးဆန်းသည့်မေးခွန်းမျိုးကို ဘာကြောင့်မေးသည်ကို သူမ နားမလည်ပေ။

သူမ၏မှတ်ဉာဏ်‌ဟောင်းထဲတွင် သူမသည် မိဘမဲ့ကလေးတစ်ယောက်ဖြစ်ကာ သူမဘေးတွင်မိဘနှစ်ပါးလုံးမရှိခဲ့ပေ။

ထို့အပြင် သူမကို မည်သူကမှ သူမလိုမိဘမဲ့ကလေးတစ်ယောက် "မေမေနဲ့ဖေဖေဘယ်သူကိုပိုချစ်လဲ?"ဆိုသည့် ရူးကြောင်ကြောင်မေးခွန်းမျိုးကို လာမေးမည်မဟုတ်ပေ။ "ဖေဖေနဲ့ မေမေရေထဲကျသွားရင် သမီး ဘယ်သူ့ကိုအရင်ကယ်မှာလဲ?" ဆိုသည့်မေးခွန်းမျိုးဟာ ၉၀ခုနှစ်တွင် "နှစ်ယောက်ယှဉ်ပြိုင်" သည့်ကိစ္စမျိုးတွင်သာ မေးလေ့ရှိလိမ့်မည်။

ဖက်ထုပ်လေးသည် သူမ၏မှတ်ဉာဏ်ဟောင်းထဲတွင် ၁၀နှစ်ကလေးအရွယ်သာရှိသေးသည်။ သူမဖေဖေက ထိုမေးခွန်းကိုရုတ်တရက်မေးလိုက်သည့်အတွက် သူမ တွေးတောနေသည်။

ဖေဖေနှင့် ချူကျင်းနှစ်‌ယောက်စလုံးဟာ ကောင်းသောသူများဖြစ်သည်။ သူတို့နှစ်ယောက်လုံး ရေထဲအတူကျသွားလျှင်၊ မည်သူ့ကိုကယ်ရမည်နည်း?

ဦးနှောက်က ချက်ချင်းပဲအားပြည့်လာသည်။

သူမသည် သူမဖတ်ခဲ့ဖူးသော ပုံပြင်စာအုပ်များ၊ ကြည့်ခဲ့ဖူးသော တီဗီအစီအစဉ်များနှင့် ဇာတ်ကားများထဲမှ မြစ်များ၊ ရေကန်များပါဝင်သော မြင်ကွင်းများကို စဉ်းစားလိုက်သည်။ ဦးနှောက်ထဲတွင် တုတ်ချောင်းလူသားလေးနှစ်ယောက်ပုံကိုဆွဲကြည့်လိုက်ပြီး သူတို့ခေါင်းများကို ဖေဖေနှင့် ချူကျင်းတို့ပုံထားကြည့်လိုက်ကာ ချက်ချင်းပဲ ပင်လယ်ထဲထည့်ကြည့်လိုက်သည်။

ပင်လယ်သည် လှိုင်းထန်နေပြီး လေလည်းပြင်းကာ ကောင်းကင်ဟာလည်း တိမ်မဲများ၊ လျှပ်စီး၊ မိုးကြိုးများဖြင့် ပြည့်နှက်နေသည်။

စုန့်ချောင်ရှီသည် အဖြူရောင်လှေလေးပေါ်တွင် သူမတစ်ယောက်ထဲထိုင်ကာ ထိုတုတ်ချောင်းလူသားလေးများဖြစ်သော ဖေဖေနှင့် ချူကျင်းတို့ခေါင်းများက ရေထဲတွင်ပေါ်နေသည်ကိုမြင်ပြီး အကူအညီတောင်းနေသည်။

၁၉၉၀ ခုနှစ်က ဖက်ထုပ်လုံးလေးDonde viven las historias. Descúbrelo ahora