[နေ့စဥ်တာဝန်များကိုပြန်လည်သတ်မှတ်လိုက်ပါပြီ၊(Host တာဝန်အသစ်က ပစ်မှတ်ကိုတစ်ကြိမ်ကုသပေးပါ) အကောင်းဆုံးလုပ်ဆောင်ပါ ]
ရှောင်စစ်ဒါကိုကြားချိန်တွင် သက်သာရရတဲ့ သက်ပြင်းတစ်ချက်ချလိုက်တယ်။ system ကကျပန်းတာဝန်ကိုသတ်မှတ်ပေးတဲ့အချိန်တိုင်း ဆိုးရွားတဲ့တာဝန်ကို ကျပန်းသတ်မှတ်ပေးမှာကိုကြောက်ကာ သူက(ချောက်ကမ်းပါး)အစွန်းရောက်ေနသလိုပဲ။ ဒီအကြိမ် တော်တော်လေးသာမန်ဖြစ်တဲ့တာဝန်ကို အမှန်တကယ်ရလိမ့်မယ်လို့သူမမျှော့်လင့်ထားပေ။
ရှောင်စစ်အတွက်တာဝန်ကျတဲ့သူက သူတို့ဒီမှာဘာကြောင့်ရောက်နေကြောင်းရှင်းပြပြီး လူအချို့က ရင်းဟန်ကိုလှည့်ကြကြည့်နေကြတယ်။ သူတို့၏ဒဏ်ရာတွေ ရှောင်စစ်ကိုကုသခွင့်မပြုခင် သူတို့ကသူလက်ဖက်ရည်ကိုအပြီးသတ်ဖို့နဲ့ရင်းဟန်အသာအယာခေါင်းငြိမ့်ပြတာကို စောင့်နေခဲ့ကြတယ်။
စွမ်းအားရှင်တွေအတွက် ကူးစက်ဖို့ဖြစ်နိုင်ချေနည်းသော်လည်း သူတို့တွေဇွန်ဘီဖြစ်သွားနိုင်တဲ့ အခွင့်အရေးရှိနေဆဲပါပဲ။ နောက်ပိုင်းကုသရေးအတွက် သူတို့ကအများအားဖြင့် ဆေးသောက်ခြင်း သို့မဟုတ် ကုသရေးစွမ်းအားရှင်တွေကိုရှာဖွေခြင်းပြုလုပ်ကြလိမ့်မည်။
ဒါပေမယ့်ဒီစွမ်းအာရှင်တွေဟာ ပြောတာကိုသာနားထောင်ကြလိမ့်မည်ဖြစ်တယ်။ B Cityကိုလာတာကတောင်မှ ရင်းဟန်၏ အမိန့်ကြောင့်ဖြစ်တယ်။ သူတို့ကအပြင်လူတွေအပေါ် ယုံကြည်ခြင်းမရှိပေ။ ရင်းဟန်၏သဘောတူခြင်းနှင့် ရှောင်စစ်ကလူတွေသူ့ကိုနှစ်သက်စေရန် လုံလုံလောက်လောက်သန့်ရှင်းပြီး ချောမောနေတာကြောင့်သာ မဟုတ်ရင် သူတို့ကတခြားသူတွေ သူတို့ကိုကုသခွင့်ပြုမှာမဟုတ်ပေ။
အများပြောအရ B City မှစွမ်းအားရှင်တွေက ဇွန်ဘီတွေဆီမှတိုက်ခိုက်မှုတစ်ခုကို ကြုံတွေ့ခဲ့ရသည်။ နောက်လိုက်အများအပြားဟာ ဒဏ်ရာရခဲ့ကြပေမယ့် နောက်ဆုံးတွင် ရင်းဟန်က ကျန်ရှိနေသည့်ဇွန်ဘီတွေကို လက်တစ်ချက်ဝှေ့ယမ်းကာ သုတ်သင်ပစ်ခဲ့သည်။
ရှောင်စစ်: "!" နေပါဦး ဒါဆို ရင်းဟန်ကဒဏ်ရာတောင် မရဘူးလို့ ဆိုလိုတာမလား?! ဒါဆိုရင် သူကသူ့ကိုဘယ်လိုသွားကုရတော့မှာတုန်းဟ!
YOU ARE READING
အင်အားအကြီးမားဆုံးသူနှင့်ခင်မင်ခြင်း System//ဘာသာပြန်//
Fantasyရှောင်စစ်သည် အင်အားအကြီးမားဆုံးသူနှင့်ခင်မင်ခြင်း systemနှင့် ချည်နောင်ထားလေတယ်။ ကူပြောင်းပြီးနောက် ပိုမိုသန်မာသည့်ပုဂ္ဂိုလ်ပေါ်ပေါက်လာတိုင်း ဤမသမာသည့်systemဟာ အမိဖမ်းရမည့်ပစ်မှတ်တွေကို ချက်ချင်းကြီး ပြောင်းလဲပစ်မည်ဖြစ်သည်ကို သူရှာတွေ့သွားခဲ့တယ်...