//10//

7 0 0
                                    

လောကကြီးထဲ ဒါကဘယ်လိုကြောင့်ဖြစ်သွားရတာလဲ!

#ကယ်ကြပါဦး ဝတ္ထုထဲကိုကူးပြောင်းသွားပြီးနောက် ဇာတ်လိုက်အထီးကြီးက ငါ့ကိုအားပါးတရနမ်းလိုက်တယ်,OP ကယောက်ျားလေးတစ်ယောက်နော်#

ထိုအခိုက်အတန့်တွင် အကူအညီအတွက်သူမေးနေကြဖြစ်လောက်မယ့် ပို့စ်ရဲ့မာတိကာကို ရှောင်စစ်တော်တော်များများအပြီးသတ်ခဲ့တယ်...

အလွန်နီးနီးကပ်ကပ်မှ ရင်းဟန်ရဲ့မျက်နှာဟာအပြစ်အနာအဆာအနည်းငယ်မျှ မရှိပေ။ သူ့အသားအရေဟာဖြူ‌ဖျော့ပြီးထိခိုက်လွယ်ကာ သူ့မျက်တောင်တွေဟာလည်းရှည်လျား၏။ သူဟာစာ‌‌ရေးသူချီးမြှင့်ထားသည့် ဆွဲဆောင်မှုရှိခြင်း၏ပထမနေရာနှင့် ထိုက်တန်လေတယ်။ ရှောင်စစ်ကယောကျ်ားလေးတစ်ယာက်ကိုနမ်းနေရပေမယ့် သူဟာအကျိုးအမြတ်တစ်ခုကိုရနေဆဲဖြစ်၏....မဟုတ်သေးဘူး ဒီအချိန်ကဒီလိုအရာမျိုးတွေကိုတွေးနေရမယ့်အချိန်မဟုတ်ဘူးဟ။ မြန်မြန်လာပြီးရှင်းပြ!

[Hostဒါကပုံမှန်ပဲ နောက်ဆုံးတော့လည်း လူတွေ၏လိင်ပိုင်းဆိုင်ရာတိမ်းညွှတ်မှုဟာပြောင်းလဲနိုင်တယ်‌ေလ။ Host မင်းကအမိဖမ်းရမည့်ပစ်မှတ်၏ကြိုက်နှစ်သက်မှုကို မြှင့်တင်ရန်အမြဲကြိုးစားနေရတယ်။ ကြိုက်နှစ်သက်မှုကတိကျသေချာသည့်အမှတ်တစ်ခုကို ကျော်ဖြတ်သွားပြီးနောက်မှာ တစ်ဖက်ပါတီကွေးသွားခြင်းဟာ အလွန်သိပ္ပံနည်းကျသည့်ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်]

ရှောင်စစ် "!!"ဘာကြောင့် systemက အရမ်းကျိုးကြောင်းဆီလျော်တဲ့အသံပေါက်နေရတာလဲ သူထိုဟာကို မငြင်းဆိုနိုင်ချေ။

[သို့သော်လည်း hostမင်းနည်းနည်းပိုပြီးအာရုံစိုက်ဖို့လိုအပ်တယ်။ hostနဲ့အမိဖမ်းရမည့်ပစ်မှတ်တို့ဆက်ဆံရေးတစ်ခုရှိခြင်း သို့မဟုတ် လက်ထပ်ခြင်းအပေါ်မှာမည်သည့်ကန့်သတ်ချက်မှမရှိသော်လည်း၊ အကယ်၍ပစ်မှတ်ပြောင်းသွားပါက အမိဖမ်းရမည့်ပစ်မှတ်‌ဟောင်းဆီနီးနီးကပ်ကပ်နေရန် hostကိုခွင့်ပြုတော့မည်မဟုတ်ပေ။ နောက်ဆုံးတွင် သူငယ်ချင်းလုပ်ခြင်းအပေါ် နည်းနည်းပိုအာရုံစူးစိုက်တာကပို၍ကောင်းမွန်လေတယ်]

You've reached the end of published parts.

⏰ Last updated: Nov 10 ⏰

Add this story to your Library to get notified about new parts!

အင်အားအကြီးမားဆုံးသူနှင့်ခင်မင်ခြင်း System//ဘာသာပြန်//Where stories live. Discover now