//7.2// အဆက်

31 0 0
                                    

ချူဂျင်သတိလစ်သွားပြီးနောက် ကျန်တဲ့သူတွေဟာ ဘာလုပ်ရမလဲမသိကြဘဲ ခေါင်းမပါသည့်ကြက်တွေကဲ့သို့ ပတ်ပြေးနေကြ၏။ သူတို့ကမူလတွင် ချူဂျူင်ကိုအခြေစိုက်စခန်းဆီပြန်ခေါ်သွားဖို့ စီစဥ်ထားခဲ့ကြတယ်။ သန္ဓေပြောင်းဇွန်ဘီနှစ်ကောင်နဲ့တိုးမိဖို့အထိ ကံမကောင်းမှုလုံလောက်နေမည်ဟု မမျှော်လင့်ထားခဲ့ပေ။

ပုံမှန်အားဖြင့် ချူဂျင်ကမျက်စိတစ်မှိတ်အတွင်း သန္ဓေပြောင်းဇွန်ဘီတွေနှင့် ရင်ဆိုင်မည်ဖြစ်တယ်။ သူတို့ကဘယ်တုန်းကမှ တိုက်ခိုက်ဖို့မလိုခဲ့ချေ။ ဤလူတွေဟာ သန္ဓေပြောင်းဇွန်ဘီတွေကို သူတို့ဘာသာတိုက်ခိုက်ဖို့ အလွန်ကြောက်လန့်ကြကာ ဆန့်ကျင်ဘက်အရပ်ကိုထွက်ပြေးရန်သာ တတ်နိုင်ကြပြီး ရင်းဟန်နှင့်တွေ့ဆုံဖို့ ဖြစ်လာခြင်းပင်။

တစ်နည်းအားဖြင့် သူတို့ကအလွန်အမင်းကံကောင်းခဲ့ကြတယ်။ သူတို့ရင်းဟန်နဲ့မတွေ့ဆုံခဲ့ပါက ချူဂျင်နိုးမလာခင် သူတို့အားလုံးဟာသန္ဓေပြောင်းဇွန်ဘီတွေ သတ်ဖြတ်ခံခဲ့ရပြီး ဖြစ်နိုင်လောက်၏။

အဆင့်တက်ခြင်းတွင့်အောင်မြင်ပြီး သူအင်အားတွေအဆဆကြီးထွားလာတာကို ချူဂျင်ခံစားမိချိန်တွင် သူစိတ်လှုပ်ရှားလာခဲ့တယ်။ အတွေးတစ်ခုနှင့်အတူ လေထဲရှိ‌ရေတွေဟာ သန္ဓေပြောင်းဇွန်ဘီကို နုပ်နုပ်စဥ်းထားသည့်အပိုင်းအစတွေအဖြစ် လှည့်ပတ်တွန့်လိမ်လိုက်တယ်။

ရေလုံးကြီးဟာ လတ်လတ်ဆတ်ဆတ်သွေးတွေကြောင့် အနီရောင်အဆိုးခံလိုက်ရပြီး ဗုံးတစ်ခုကဲ့သို့ ပေါက်ကွဲသွားတယ်။ ထိုအရာပတ်ပတ်လည်က မရေမတွက်နိုင်သည့် ဇွန်ဘီတွေဟာ အပိုင်းပိုင်းအစစ ပေါက်ကွဲသွားလေတယ်။

သူတို့ပတ်လည်က နေရာလွတ်ဟာ ရှင်းလင်းသွားလေတယ်။ လွတ်မြောက်ရန်အတွက် ဒယိမ်းဒယိုင်သွားနေကြသော ဇွန်ဘီအနည်းငယ်သာရှိတော့တယ်။ အန္တရာယ်မရှိတော့ပေ။

လူတိုင်းထိတ်လန့်မှုဖြင့် စိုက်ကြည့်နေကြ၏။  သူတို့နောက်တွင် အသိပြန်ဝင်လာကြတယ်။ နောက်ထပ်အဆင့်(၇)စွမ်းအားရှင် မွေးဖွားလာလေပြီ။

ချူဂျင်သူ့နောက်လိုက်တွေ၏တင်ပြချက်ကို ကြားချိန်တွင် ဖြစ်ပျက်ခဲ့သည်ကို သူလည်းပဲနားလည်သွားခဲ့၏။ သူ့အဝတ်အစားတွေကို ညှိလိုက်ကာ တံခါးကိုတွန်းဖွင့်လိုက်ပြီး တခြားပြုပြင်မွမ်းမံထားသည့်ကားကို မြင့်မားသည့်ဝိညာဥ်စွမ်းအားနှင့်ကြည့်လိုက်တယ်။ ပြုံးနေရင်းသူပြောလိုက်တယ်။

အင်အားအကြီးမားဆုံးသူနှင့်ခင်မင်ခြင်း System//ဘာသာပြန်//Where stories live. Discover now