// 5//

48 4 0
                                    

သူ့ခြေချောင်းတွေကို သုံးပြီးစဥ်းစားရင်တောင်မှ ချူဂျင်ပြောတဲ့"သူငယ်ချင်း" ဆိုတာသူ့ကိုယ်တိုင်မှန်း ရှောင်စစ်သိနိုင်လိမ့်မည်ပင်။ ချူဂျင်နီးကပ်လာတာနဲ့အမျှ သူ့အမူအရာက သိမ်မွေ့စွာပြောင်းလဲသွားခဲ့တယ်။

ရှောင်စစ်ကချူဂျင်ကို မကြိုက်ပေ။ တကယ်တော့ သူသူ့ကို ရွံရှာတယ်.....ချူဂျင်ကဒီကိုလာကာ စားသောက်ချင်တယ်ဆိုတာကို သူသတိထားမိချင်းချင်း သူစားချင်စိတ်ပျောက်သွားတယ်။

"တိုက်ဆိုင်ချက်ပဲ ငါမင်းတို့နှစ်ယောက်ကို ဒီနေရာမှာတွေ့ရမယ်လို့ ထင်မထားဘူး"

ချူဂျင့်မျက်နှာပေါ်တွင် သင့်တင့်လျှောက်ပတ်သည့် အပြုံးတစ်ခုရှိနေ၏။ သူ၏ခန့်ညားသည့်အသွင်အပြင်က သူ့ကိုမကြိုက်နှစ်သက်ဖို့ခက်စေရန် ပြုလုပ်ပေးတယ်။ အရင်ကသူတစ်စုံတစ်ယောက်ဆီမှ အခြေခံအားဖြင့် ဘယ်တုန်းကမှအငြင်းမခံရဖူးချေ။

"မင်းတို့စိတ်မရှိရင် ငါလာစားလို့ရမလား?"

"ငါက မရဘူးလို့ပြောရင်ရော?"

ရင်းဟန်အေးစက်စွာ ပြောလိုက်တယ်။ ချူဂျင်အတွက် အကြည့်တစ်ချက်တောင်မသနားဘဲ သူလက်ဖက်ရည်ကို ရှောင်စစ်ရှေ့ကို သဘာဝကျစွာတွန်းပေးလိုက်တယ်။

ချူဂျင်တောင့်ခဲသွားတယ်။ သူ့မျက်နှာပေါ်က အမူအရာဟာမပြောင်းလဲသော်လည်း သူ့လက်တွေကို လက်သီးဆုပ်အဖြစ် လျှို့ဝှက်စွာ ဆုပ်လိုက်မိတယ်။ သူ့စွမ်းအားဟာ ရင်းဟန်ကိုမယှဥ်နိုင်လျှင်တောင်မှ သူက S City တွင်အသန်မာဆုံးဖြစ်၏။ ရင်းဟန်ကသူ့ကိုမျက်နှာသာပေးဖို့ ငြင်းဆန်လိမ့်မယ်လို့ သူဘယ်တုန်းကမှ မထင်ခဲ့ပေ။ သို့ပေမယ့် သူသာအရမ်းမြန်မြန်နောက်တွန့်သွားရင် သူ S Cityအသိုင်းအဝိုင်းထဲ ဘယ်တုန်းကမှဆက်လက် ရော‌နှောနိုင်ခဲ့မည်မဟုတ်ချေ။

"မစ္စတာရင်းက တော်တော်ရယ်ရတာပဲ"

ချူဂျင်ကြည့်လိုက်တယ်။ ပြီးပြည့်စုံသည့်အပြုံးတစ်ခုဟာ သူ့မျက်နှာပေါ်တွင် ရိုက်နှိပ်ထားလေတယ်။ သူ့ခေါင်းကိုငုံ့ထားတဲ့ ရှောင်စစ်ကိုမှန်းဆတိုင်းတာရင်း ပြတင်းပေါက်ဘေးတွင်ထိုင်ရန် သွားလိုက်တယ်။

အင်အားအကြီးမားဆုံးသူနှင့်ခင်မင်ခြင်း System//ဘာသာပြန်//Where stories live. Discover now