//7.1//

49 2 1
                                    

ရင်းဟန်က ရန်ဖေးကိုလူသေကောင်တစ်ကောင်ကို ကြည့်နေသကဲ့သို့ ကြည့်နေခဲ့တယ်။ သူရှောင်စစ်ဘက်လှည့်ပြီး အသံဟာနွေးထွေးသွားတယ်။


"ရှောင်းစစ် မင်းဒီလူတွေကို စိတ်ထဲထားဖို့မလိုပါဘူး သူတို့ဘာပြောလဲစိတ်ပူမနေနဲ့ မြို့ကနေအရင်ထွက်သွားရအောင်"

ရင်းဟန်၏နောက်လိုက်တွေဟာ သူ့ကိုအတုယူကာ မြေပြင်ပေါ်မှာလဲနေသည့်တာဝန်ရှိသူကို သနားသည့်အကြည့်တစ်ချက်ပေးလိုက်တယ်။ သူတို့ထဲကကျန်တဲ့သူတွေမသိပေမယ့် ရင်းဟန်နောက်ကို အချိန်အတော်ကြာလိုက်ခဲ့သည့်သူတွေကတော့ သူ့အကြံအစည်တွေကိုနေ့ခင်းကဲ့သို့ ရှင်းရှင်းလင်းလင်းသိလေတယ်။

ထိုနှလုံးကြေကွဲဖွယ်နာကျင်မှုဟာ ဘယ်တော့မှအဆုံးသတ်မည်မဟုတ်ချေ။ ဤအရာက စတင်ရုံမျှသာ။ နာကျင်မှုလျော့ပါးလာချိန်တွင် သူ့တွင်လှုပ်ရှားရန်အားကျန်တော့မည်မဟုတ်ချေ။ အိပ်ယာထဲတွင်ပြန်လည်သက်သာရန် လှဲပဲလှဲနေနိုင်ပြီး အချိန်တွေဖြတ်သန်းလာတာနဲ့အမျှ သူ့စွမ်းအားတွေ ကျဆင်းလာတာကိုရှာဖွေတွေ့သွားလိမ့်မည်ပင်။ သူ၏ပျောက်ဆုံးနေသည့် စွမ်းအားတွေကို ပြန်လည်ရရှိရန်နည်းလမ်းမရှိပေ။ သူပြန်လည်မတ်တပ်ရပ်နိုင်ချိန်တွင် သူ့စွမ်းအားတွေလုံးဝပျောက်ကွယ်သွားပြီးနှင့်ပြီဆိုတာကို ရှာတွေ့သွားမည်ဖြစ်၏။ ထိုမှစ၍ သူကအသုံးမဝင်တော့ချေ။

သူတို့၏စွမ်းအားတွေကြောင့် ဂုဏ်ယူနေသည့်ထိုလူတွေအတွက် သူတို့ရဲ့ချီးမြှင့်ထားတဲ့စွမ်းအားတွေကို ယူဆောင်ပစ်ခြင်းဟာ အဆိုးရွားဆုံးအိပ်မက်ဆိုးဖြစ်တယ်။ စွမ်းအားရှင်အများစုက သူတို့ရဲ့စွမ်းအားတွေပျောက်ကွယ်သွားခြင်းကို တောင့်မခံနိုင်(လက်မခံနိုင်)ကြဘဲ လက်တွေ့ကျကျပင် ရူးသွပ်သွားခဲ့ကြ၏။

 S City မှလူတွေက ရင်းဟန်၏လှည့်ကွက်တွေအကြောင်း မရှင်းလင်းသည့်အတွက်ကြောင့် သူရှေ့တွင်အလွန်စိတ်ကြီးဝင်စွာ ပြုမူရန်လုံလုံလောက်လောက်ရဲရင့်ခြင်းဖြစ်တယ်။ အရာအားလုံးပြီးဆုံးသွားချိန်တွင် သူတို့ဘယ်သူ့ကိုအာခံနိုင်ပြီး ဘယ်သူ့ကိုတော့အာမခံနိုင်မှန်း နားလည်သွားကောင်းနားလည်နိုင်မည်ပင်။

အင်အားအကြီးမားဆုံးသူနှင့်ခင်မင်ခြင်း System//ဘာသာပြန်//Where stories live. Discover now