ညစာဟာပို့ပြီးဖြစ်နေ၏။ နောက်ဆုံးတော့လည်း S Cityအခြေစိုက်စခန်းဟာ သူတို့ဖိတ်ခေါ်ထားတဲ့စွမ်းအားရှင်တွေကို အစားအသောက်တွေအတွက် ပေးချေရအောင် ပြုလုပ်မည်မဟုတ်ချေ။ အစားအသောက်ဟာ တော်တော်အရသာရှိလေတယ်။
ညစာစားချိန်တွင် အားလုံးဟာသူတို့စတင်မစားသောက်ခင် ရင်းဟန်စားသောက်ပြီးစီးတာကို စောင့်နေကြတယ်။ ပထမတွင် ရှောင်စစ်ကတခြားလူတွေကို အတုယူကာ low-key နေချင်ခဲ့ပြီး စားဖို့အဆုံးအထိစောင့်နေချင်ခဲ့ပေမယ့် ရင်းဟန်က သူဘာသာမစားနိုင်ဟုဆိုကာ ရှောင်စစ်ကိုညစာအတူစားဖို့ ဆွဲခေါ်လိုက်တယ်။
တခြားသူတွေမပျော်မရွှင်ဖြစ်မှာ ရှောင်စစ်ကစိုးရိမ်နေပေမယ့် ရင်းဟန်အပေါ် သူတို့ရဲ့ပြင်းပြတဲ့ဆန္ဒက အသေအချာကို မယှဥ်ပြိုင်နိုင်ချေ။ ရင်းဟန်ကတစ်စုံတစ်ခုလုပ်နေသမျှ ကာလပတ်လုံး သူတို့ကအခြေနေပေါ်မမူတည်ဘဲ ထောက်ပံ့ကြမည်ဖြစ်တယ်။ ရင်းဟန်ကောင်းပေးတဲ့ဘယ်သူကိုမဆို သူတို့ကကောင်းပေးမည်ဖြစ်၏။ သူတို့ကမပျော်မရွှင်လုံးဝမဖြစ်ပေ။
ညစာစားပြီးနောက်နှင့် သူတို့မအိပ်ခင် မည်မည်ရရမဖြစ်ပွားခဲ့ပေ။ မနေ့ကကဲ့သို့ သူ့ခေါင်းကခေါင်းအုံးကို ထိထိချင်းရှောင်စစ်အိပ်ပျော်သွားခဲ့တယ်။
နောက်ရက်တွင် ပတ်ပတ်လည်က ဇွန်ဘီတွေကိုဖြေရှင်းဖို့ လူတိုင်းအပြင်ထွက်ခဲ့ရတယ်။
သာမန်စွမ်းအာရှင်များအတွက် သူတို့အသက်တွေကို ရင်းဖို့လိုလောက်တဲ့ တာဝန်တစ်ခုဖြစ်၏။ သို့သော့် ရင်းဟန်လက်တစ်ဖက် ယမ်းနေသမျှကာလပတ်လုံး ဇွန်ဘီလှိုင်းတစ်လှိုင်းကို ဖယ်ရှားနိုင်လေတယ်။ တခြားသူတွေအတွက်တော့ ကြောက်စရာကောင်းဆုံးက သန္ဓေပြောင်းဇွန်ဘီတစ်ကောင်ဖြစ်တယ်။ သူ့အတွက်ကတော့ ပိုကြီးတဲ့ပိုးကောင်တစ်ကောင်သာပင်။
ဒါပေါ့ အခြေစိုက်စခန်းဟာ အန္တရာယ်အရှိဆုံးတာဝန်ကို ရင်းဟန်ဆီပေးဖို့ တုန့်ဆိုင်းမနေချေ။ ထိုသို့မဟုတ်ပါက သူတို့ပေးခဲ့တဲ့တန်ကြေးနဲ့ သူဘယ်လိုလုပ်ထိုက်တန်ပါ့မလဲ?
သူတို့ဘေးပတ်ဝန်းကျင်ရှိ ဇွန်ဘီတွေကိုရှင်းလင်းခြင်းက သူတို့ဘာသာလမ်းတလျောက်လုပ်နိုင်သည့် တစ်စုံတစ်ရာဖြစ်တယ်။ ရင်းဟန်အတွက် တာဝန်အစစ်က သုတေသနဌာနတွေဆီကိုသွားပြီး သုတေသနဒေတာအစုံလိုက်ကို ရယူဖို့ဖြစ်တယ်။
YOU ARE READING
အင်အားအကြီးမားဆုံးသူနှင့်ခင်မင်ခြင်း System//ဘာသာပြန်//
Fantasyရှောင်စစ်သည် အင်အားအကြီးမားဆုံးသူနှင့်ခင်မင်ခြင်း systemနှင့် ချည်နောင်ထားလေတယ်။ ကူပြောင်းပြီးနောက် ပိုမိုသန်မာသည့်ပုဂ္ဂိုလ်ပေါ်ပေါက်လာတိုင်း ဤမသမာသည့်systemဟာ အမိဖမ်းရမည့်ပစ်မှတ်တွေကို ချက်ချင်းကြီး ပြောင်းလဲပစ်မည်ဖြစ်သည်ကို သူရှာတွေ့သွားခဲ့တယ်...