//8.2//

28 1 0
                                    


အဓိကဇာတ်လိုက်တွေက ဂေးတွေကိုအမုန်းဆုံးပဲ! ဒါကရင်းဟန်ကို အသေအချာကိုနိုးကြားနေစေမှာပဲ!

ရှောင်စစ် ရုတ်တရက် သူ့ကိုယ်ပိုင်အရင်းအမြစ်ပြည့်ဝမှုကို လေးစားမိသွားတယ်။

ရင်းဟန်ရဲ့မျက်လုံးထဲမှ တောက်ပမှုဟာမှောင်မိုက်သွားပေမယ့် ရှောင်စစ်ရဲ့ခေါင်းကို အရင်းအတိုင်းနွေးထွေးစွာပုပ်ပေးဖို့ လက်လှမ်းလိုက်တယ်။

"mm ကိုယ်သိပြီ ပြန်သတိပေးတာအတွက် ကျေးဇူးပဲ ကိုယ်အနာဂတ်မှာ အဲ့တာာကို အသေအချာကြည့်ရှောင်ပါ့မယ်"

"ဘယ်သူသိမှာလဲ ငါတို့နားရ‌မည့်နေရာမှာ ထောက်ချောက်အချို့ရှိရင်ရှိနေမှာ ငါတို့ဂရုစိုက်ဖို့လိုတယ်"

ဒါတွေအကုန်လုံးဟာ ရှောင်စစ်၏ခန့်မှန်းချက်တွေသာ ထို့ကြောင့် ဇာတ်ကြောင်းကိုဖော်ပြခြင်းအဖြစ် မသတ်မှတ်ခံရပေ သူတိုက်ရိုက်ပြောပြနိုင်လေတယ်။

"ချူဂျင်ကလူကောင်းတစ်ယောက်မဟုတ်ဘူး သူအရင်ကအရှက်ခွဲခံထားရတာလေ အခုကျ သူလက်စားချေနိုင်ဖို့ အသေအချာကြီးကို ကြိုးစားတော့မှာ"

"မင်းကိုယ့်ကိုအခုလိုသတိပေးနိုင်တာ ကိုယ်အရမ်းဝမ်းသာတယ်"

ရင်းဟန် ရှောင်စစ်ကိုသူ့လက်မောင်းတွေထဲ တိုက်ရိုက်ဆွဲယူလိုက်ကာ သူ့နား'အနီးကို ကိုင်းသွားလိုက်တယ်။

"မင်းမပူပါနဲ့ ချူဂျင်ကဘယ်လိုလူမျိုးလဲဆိုတာ ကိုယ်ဟိုးကတည်းကသိထားနှင့်ပြီးသား သူ့ရဲ့ရာထူးနေရာတွေမှာကိုယ်လျှို့ဝှက်ထည့်ထားတဲ့သူတချို့တလေ ပုန်းနေကြတယ်လေ သူ့လုပ်ချင်တဲ့အရာတွေကို ကိုယ်ရှင်းရှင်းလင်းလင်းကြီးသိတယ်"

‌ဟေး ဒါကြီး ချူဂျင်နဲ့ကစားနေပေးရုံသက်သက်ကြီးမဟုတ်လား? အဓိကဇာတ်လိုက်နဲ့ ဗီလိန်ကြားမှာ နေရာတွေလဲသွားသလို သူခံစားရတယ်။

ခဏနေပါဦး! ရင်းဟန်ကချူဂျင်ကိုအရမ်းသတိထားပြီး သူလျှိတစ်ယောက်တောင်လွှတ်ထားပြီးပြီးဆိုတော့ ရှောင်စစ်ကအရမ်းသံသယဝင်စရာကောင်းနေသေးတယ်မလား

အင်အားအကြီးမားဆုံးသူနှင့်ခင်မင်ခြင်း System//ဘာသာပြန်//Where stories live. Discover now