9

46 7 0
                                    

ဒိုယောင်းကရေချိုးပြီးသွားတာနဲ့ခြံထဲကိုပြန်ထွက်သွားတာကြောင့် ထယ်ယုံးတစ်ယောက်တည်းအိမ်ထဲမှာ ယောင်လည်လည်ကျန်ရစ်သည်။ နေရာစိမ်းမှာ တစ်ယောက်တည်းဆိုတဲ့အသိက လူကိုအားငယ်စေပေမယ့် ခြံထဲကိုလိုက်ဆင်းသွားဖို့အထိ သူ့မာနကခွင့်မပြု။ အိပ်ခန်းထဲကိုလဲမဝင်ချင်တာကြောင့် နောက်ဆုံးတော့ ဧည့်ခန်းထဲမှာသာဖုန်းထိုင်သုံးနေလိုက်တော့သည်။

ဒိုယောင်းအိမ်ထဲကိုပြန်ဝင်လာတော့ ဧည့်ခန်းထဲမှာအိပ်ပျော်နေတဲ့လူကိုမြင်ပြီး သက်ပြင်းချမိသည်။
အရမ်းကိုသတိလက်လွတ်နေလွန်းနေတော့ မခက်ပေဘူးလား။
အနားကိုတိုးသွားပြီးနှိုးလိုက်ဖို့တွေးလိုက်ပေမယ့် အရမ်းကိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပုံပေါ်တာကြောင့် မနှိုးရက်တော့ပဲ ပွေ့ချီပြီးတော့သာ အခန်းထဲကိုရွေ့ပေးဖို့စဉ်းစားလိုက်ရတော့သည်။
ဒီအတိုင်းဆက်အိပ်ခိုင်းထားရင် ‌တရေးနိုးလာတဲ့အခါကျရင် ကျောတွေနာနေပါလိမ့်မည်။

ပွေ့မယ်လို့လုပ်လိုက်ပေမယ့် အအိပ်ဆတ်သည့်သူက အသားချင်းထိလာတာနဲ့ဆတ်ခနဲမျက်လုံးဖွင့်လာတာမို့ ဒိုယောင်းမှလက်ပင်ရှက်သွားရသည်။
‘ ဟျောင်း အထဲသွားအိပ်လေ ’ဟုပြောလိုက်တော့ အိပ်မက်ယောင်နေသူလို ယိုင်တိုင်တိုင်နဲ့ထသွားတဲ့သူရဲ့နောက်ကို ဒိုယောင်းခပ်သွက်သွက်လိုက်လာရသည်။ အိပ်ချင်မူးတူးနဲ့ ချော်ချက်လဲရင် မခက်ပါပေဘူးလား။

အိပ်ရာပေါ်ကိုတက်လှဲပြီးပြန်အိပ်ပျော်သွားသူကို ဒိုယောင်းငြိမ်ငြိမ်လေးထိုင်ကြည့်မိသည်။
ဒီလူကယောက်ျားလေးတန်မဲ့သိပ်ကိုလှသည်။ အပြုံးလှလှတွေက
နွေဦးမှာမှတွေ့ရတတ်တဲ့ ချယ်ရီပန်းလေးတွေလိုမျိုး မငေးကြည့်ဘဲမနေနိုင်အောင် ဆွဲဆောင်နိုင်သည်။
မျက်ဝန်းကျယ်တွေက သမုဒ္ဒရာချောက်တွေလို နက်နက်ရှိုင်းရှိုင်း ပျော်ဝင်ပစ်ချင်စရာကောင်းလောက်အောင် ညှို့ယူနိုင်သည်။ ‌ဒီလူနဲ့ပတ်သက်ရင် အမာရွတ်ကအစ အနုပညာဆန်စွာလှနိုင်လွန်းသည်။ ဒါပေမယ့် ဒီအလှတရားတွေက ဒိုယောင်းလက်လှမ်းခွင့်ရှိတဲ့အလှတရားတွေမဟုတ်။ ဒိုယောင်းအနေနဲ့ဒီလူအပေါ် ပျော်ဝင်သွားလို့မဖြစ်ပါ။ ဒီလူက အချိန်တန်ရင် အိမ်ပြန်လမ်းဆီဦးတည်သွားမယ့် ဧည့်သည်ဖြစ်ပြီး ဒိုယောင်းကတော့ လမ်းမှာဝင်နားဖူးတဲ့မှတ်တိုင်တစ်ခုသာသာ။

April and A Flower Where stories live. Discover now