12

41 6 0
                                    

မနက်စောစောခရီးသွားရမည်ဖြစ်တာကြောင့် ထယ်ယုံးလေးနာရီလောက်ကတည်းကနိုးနေသည်။ နေရာအသစ်ကိုသွားရမည်ဆိုတဲ့အသိထက် ဒိုယောင်းနဲ့နှစ်ယောက်တည်းခရီးသွားရမယ်ဆိုတဲ့အသိက ထယ်ယုံးကိုပိုလို့စိတ်လှုပ်ရှားစေသည်။

“ ဟျောင်း ”

ကိုယ်လက်သန့်စင်ပြီး အောက်ထပ်ဆင်းလာတော့ ဒိုယောင်းနဲ့တည့်တည့်တိုးတာမို့လို့ ထယ်ယုံးမျက်ခုံးပင့်လိုက်မိသည်။ ဒီကောင်လေး နေ့တိုင်း ဘယ်အချိန်အိပ်ရာထလဲဆိုတာ ခန့်ပင်မခန့်မှန်းတတ်တော့ပါ။

“ ကျွန်တော် ခဏလောက်နေရင်သွားတော့မှာ ယွန်းဆုကညနေလောက်မှရောက်မယ်ပြောတယ် ”

“ လိုက်မှာ ”

ထယ်ယုံးခပ်တည်တည်နဲ့ဖြတ်ပြောလိုက်တော့ ဒိုယောင်းဆီက‘ဗျာ’ဆိုတဲ့အသံပြန်ထွက်လာသည်။
ရုတ်တရက်မို့ သူပြောတာနားမလည်လိုက်ဟန်။

“ ခရီးကို အတူလိုက်မှာလို့ပြောတာ ”

“ ဟိုရောက်ရင် ကျွန်တော်ကအလုပ်များနေမှာ ဟျောင်းကိုသေချာဂရုစိုက်နိုင်မှာမဟုတ်ဘူးရယ် အဆင်ပြေပါ့မလား ”

“ အင်း ”

စိတ်အားထက်သန်နေတဲ့သူကို တားမရတာကြောင့် ဒိုယောင်းသက်ပြင်းချလိုက်မိသည်။ ရှေ့လျှောက် ခက်လှချည်ရဲ့။

မနက်ခြောက်နာရီလောက်မှာ နှစ်ယောက်သားအိမ်ကထွက်ခဲ့ကြသည်။ နှစ်ယောက်သားစကားမပြောဖြစ်ပေမယ့် ကားထဲမှာတော့ ဒိုယောင်းဖွင့်ထားတဲ့သီချင်းသံကတော့ ခပ်တိုးတိုးပျံ့လွင့်လို့နေသည်။

ကားမောင်းရင်း သံစဉ်ကိုခပ်တိုးတိုးလိုက်ညည်းနေတဲ့ဒိုယောင်းအသံကို ထယ်ယုံးအာရုံစိုက်လို့နားထောင်မိသည်။ စာသားမပါတဲ့ သံစဉ်ကိုပဲခပ်တိုးတိုးလိုက်ညည်းတာ‌ကိုနားထောင်ရင်းတောင်နားထောင်လို့ကောင်းလှသည်ဟုတွေးနေမိတာက အနည်းငယ်တော့ ရူးနှမ်းနှမ်းနိုင်လှသည်။

ရန်ကုန်မြို့အပြင်ဘက်ကိုရောက်လာတာနဲ့အမျှ ကွင်းပြင်ကျယ်တို့ပိုမိုကျယ်ပြန့်လာပြီး လူနေအိမ်တို့ပိုလို့ကျဲပါးလာသည်။ အချို့နေရာတွေမှာ ငါးမွေးကန်ကြီးတွေကိုလဲတွေ့ရသည်။  ပတ်ဝန်းကျင်က မြင်မြင်လေရာ မျက်စိတစ်ဆုန်းစိမ်းညို့နေသည်မှာ မျက်စိအေးစဖွယ်။

April and A Flower Where stories live. Discover now