2

11 0 0
                                    

Seeun က အတန်းထဲမှာဆို အရှေ့တန်း‌မှာထိုင်တတ်တဲ့ မှန်ကြောင်စာဂျပိုးလေးဆိုပေမယ့် Theater ထဲမှာဆိုရင်တော့ နောက်တန်းမှာထိုင်ဖြစ်တာများသည်။ အရှေ့မှာထိုင်ရင် projector ကိုမော့ကြည့်ရတာ ‌ဇာတ်နာတာမို့ ‌projector နဲ့မျက်စိတစ်တန်းတည်းကျလောက်မယ့်နေရာမှာ ထိုင်ဖြစ်တာများသည်။

“ဆရာပြောနေတာ ဘယ်စာမျက်နှာလဲဟင်?”

စာကိုအာရုံစူးစိုက်နေချိန် ဘေးနားကစကားသံတိုးတိုးကြောင့် Seeun စိတ်အနှောက်အယှက်ဖြစ်သွားရသည်။ အာရုံစိုက်နေချိန်မှာ လာနှောက်ယှက်တာကို Seeun ဘယ်လိုမှ သည်းမခံနိုင်…ဒီလိုအချိန်ဆိုရင်တော့ ကြောက်စိတ်တွေဘာတွေမရှိတော့

“14”

တိုတိုတုတ်တုတ်ပဲပြန်ဖြေပြီး စာကိုပဲပြန်နားထောင်နေလိုက်သည်။ ဘေးနားက စာရွက်လှန်သံတဖျက်ဖျက်က စိတ်တိုချင်စရာကောင်းပေမယ့် Seeun မသိချင်ယောင်ပဲဆောင်ထားလိုက်သည်။ ထိုကျောင်းသူကလည်း စာမျက်နှာ 14 ကိုလှန်ပြီးနောက် ဘာမှ စိတ်အနှောက်အယှက်ဖြစ်အောင်တော့ ဆက်မလုပ်တော့…

Seeun စာလိုက်မှတ်နေစဉ် ဘေးနားက ခဲတံလေးက တရစပ်လှုပ်ရှားနေတာကိုမျက်လုံးထောင့်ကလှမ်းမြင်နေရသည်။ ဒီလိုအဆက်အပြတ်လိုက်မှတ်နေပုံက…Seeun အတွက် ပြိုင်ဘက်တစ်ယောက်ပေါ်လာတော့မှာလား?
ဘေးနားက တစ်ယောက်ကို အနည်းငယ် မျှော်လင့်မိသွားသည်။

“ဒီလောက်ပါပဲ…ဒီသင်ခန်းစာနဲ့ပတ်သတ်တဲ့ Assignment ကို နက်ဖြန်နောက်ဆုံးတင်မယ်နော်…”

“ဟမ်…”

ဘေးနားက ဟမ်အသံက မကျယ်ပေမယ့် ရှေ့ကဆရာ မကြားရလောက်အောင်လည်းမတိုး…ဟမ်ခနဲအသံကြောင့် ဆရာက Seeun တို့အတန်းကိုလှည့်ကြည့်လာသည်

“ဟီး…”

အသံပိုင်ရှင် ဘေးနားကတစ်ယောက်က ဟီးခနဲဆရာ့ကိုမျက်နှာချိုသွေးသည်။ Seeun ကတော့ ဂရုမထားပဲ ပစ္စည်းတွေကိုပဲ စနစ်တကျသိမ်းဆည်းလိုက်တော့သည်။

“ဒီမှာ…”

စာအုပ်သိမ်းဖို့ပြင်နေချိန် ဘေးနားကခေါ်သံကြောင့် Seeun အင်းလို့သာ ဖြေလိုက်သည်။ ခုနကတော့ ‌စိတ်တို‌နေချိန်မို့ စကားအေး‌ဆေးပြန်ပြော‌နိုင်ပေမယ့် ခုတော့ Seeun ဟာ တစ်ခါမှမမြင်ဖူးတဲ့အတန်းဖော်တစ်ယောက်ကို စကားပြန်ပြောဖို့ မရဲတော့…

PromiseWhere stories live. Discover now