7

16 0 0
                                    

"ငါတို့ နှစ်ယောက်ပဲရှိတယ် ‌တူတူလာထိုင်ချင်လား?"

ထမင်းစား‌ခန်းသို့သွားနေစဉ် ဝင်လာတဲ့ message ကို ဖတ်ကြည့်လိုက်မိသည်။ အရင်တစ်ခါ Seeun ဆေးခန်းရောက်ပြီးတည်းက Jayoon က ဖုန်းနံပါတ်တွေရော ရှိသမျှ Socia media acc တွေအကုန်ယူထားတာဖြစ်သည်။ Seeun ig acc ပေးလိုက်တော့ နင့်ကိုဒီလိုမျိုးတွေမသုံးလောက်ဖူးတောင်ထင်နေတာဆိုပြီး မှတ်ချက်ပေးလိုက်သေးသည်။

"ငါတို့လာခဲ့ရမလား?"

Jayoon ကအမြဲတမ်း Seeun ကို ဦးစားပေးသည်။ Seeun အဆင်မပြေဘူးဆို အတင်းအကျပ်မတိုက်တွန်း...ခုလည်း Seeun အနေနဲ့ သူတို့ဆီလာရတာထက် သူတို့က Seeun ဆီလာတာက ပိုလွယ်ကူတဲ့ကိစ္စမို့ သူတို့လာခဲ့ရမလားလို့မေးခြင်းပင်

"လာခဲ့မယ်"

Seeun အလျင်အမြန်ပင်စာပြန်လိုက်သည်။ တကယ်တော့ Seeun အတွက်ခက်ခဲနေသေးပေမယ့် သူတို့နှစ်ယောက်လုံးက Seeun ဆီအရင်ခြေလှမ်းလာခဲ့တဲ့လူတွေမလား...ဒါကြောင့် ဒီတစ်ခါမှာတော့ Seeun ဘက်ကပဲ သူတို့ တစ်လှမ်းတိုးသွားဖို့ကြိုးစားလိုက်သည်။

"လာ ဒီမှာလာထိုင်"

"hyper ကြီးဆိုတော့ ဖြေနိုင်လားမ‌မေးတော့ဘူးနော်...ငါတို့ကတော့ နင့်ကျေးဇူးနဲ့ဖြေနိုင်တယ် ရော့..."

Yeeun က သူ့ပန်းကန်ထဲက ဘဲဥတစ်ခြမ်းကို Seeun ပန်းကန်ထဲ‌ထည့်ရင်းပြောလာသည်။ Seeun မော့ကြည့်တော့ Yeeun ကမျက်လုံးတွေပိတ်သွားအောင်ပြုံး‌ပြသည်။

"ကျေးဇူးဆပ်တာ"

"ကျေးဇူးဆပ်တာက နည်းမနေဘူးလား"

Seeun က သူ့ပန်းကန်ထဲကကြက်ဥကိုငုံ့ကြည့်ပြီးပြောလာသည်။ ဒီလိုရွှတ်နောက်နောက်စကား‌တွေကျ မျက်လုံးချင်းဆုံပြီးမပြောရဲသေးပါ...

"Hyper ကြီးစားချင်တာဆို ဘာမဆိုရစေရမယ်ရှင် ကဲပြော ဘာစားချင်လဲ?"

"Mint choco ice cream"

Seeun အဖြေကြောင့် mint choco ဆို ခါးခါးသီးသီးကိုမကြိုက်တဲ့ Yeeun ကနှာခေါင်းရှုံ့သည်။ Jayoon က‌တော့ရုတ်တရက်ကြီး Seeun နဖူးပေါ်လက်တင်ပြီး အဖျားတိုင်းလာသည်။

"မဖျားပါဘူး နင် exam stress တွေပိသွားလို့လား ထူးထူးဆန်းဆန်းတွေပြောနေတာ"

PromiseDonde viven las historias. Descúbrelo ahora