1

21 1 0
                                    

"Seeun-na ဒီနေ့ အခန်းဖော်အသစ်လာလိမ့်မယ်နော်...အဆင်ပြေတယ်မလား"

Seeun တစ်ယောက် စာကြည့်စားပွဲမှာ စာထိုင်ဖတ်နေရင်းကနေ အလန့်တကြားနောက်လှည့်ကြည့်လိုက်မိသည်။ အခန်းဖော်အသစ်... ရောက်လာလိမ့်မယ်ဆိုတာကို သိထားပြီး ကြိုပြင်ဆင်ထားပေမယ့် လူအသစ်တစ်ယောက်နဲ့ တစ်ခန်းတည်းနေဖို့ သူအခုထိအဆင်သင့်မဖြစ်သေး...

"Eonnie ကဘယ်သွားမလို့လဲ eonnie ရှိနေမှာမဟုတ်ဘူးလား..."

"အင်း eonnie က လုပ်စရာကိစ္စလေးပေါ်လာလို့လေ မကြာပါဘူး...လူသစ်မရောက်ခင်တော့ eonnie ပြန်ရောက်မယ်ထင်တာပဲ..."

"ဟုတ် eonnie မြန်မြန်ပြန်လာခဲ့နော်..."

Chae young eonnie က ခေါင်းငြိမ့်ပြပြီးနောက် အခန်းထဲကထွက်သွားတော့သည်။ Seeun လည်း eonnie တံခါးပိတ်သွားတာကိုကြည့်ပြီးနောက် ကိုယ့်စာကိုယ်ပဲပြန်လေ့လာနေလိုက်သည်။ ပုစ္ဆာအချို့တွက်ပြီးသွားသည်အထိ Chae young eonnie ပြန်ရောက်မလာသေးသလို အခန်းဖော်အသစ်လည်း ရောက်မလာခဲ့...

ဒေါက်...ဒေါက်...ဒေါက်...

ရုတ်တရက် တံခါးခေါက်သံကြားလိုက်ရတာမို့ ထိုင်ခုံမှာထိုင်နေတဲ့ Seeun ခါးကမတ်သွားရသည်။ Chae young eonnie က သော့အပိုအမြဲဆောင်သွားနေကြလူဖြစ်ပြီး အခန်းထဲဝင်ခါနီး တံခါးခေါက်တတ်တဲ့လူမဟုတ်...ဒါဆိုအခု တံခါးခေါက်နေတာက...

အခန်းဖော်အသစ်ဖြစ်နိုင်ကြောင်းစဉ်းစားမိပြီးနောက် Seeun ဘာမှမစဉ်းစားနိုင်တော့ပဲ အိပ်ရာပေါ်အမြန်ပစ်လှဲကာ စောင်ကို ခေါင်းအထိလုံအောင်ခြုံလိုက်မိသည်။ ကြည့်လက်စ စာအုပ်တွေနဲ့ ရေးလက်စ ဘောပင်တွေက စားပွဲပေါ်မှာ အပြန့်ပြန့် အကြဲကြဲ...စည်းကမ်းကြီးပြီး ပစ္စည်းတွေကို တရိုတသေကိုင်တွယ်တတ်သူဖြစ်ပေမယ့် အခုအချိန်မှာတော့ ဒါတွေကို သေချာမသိမ်းဆည်းအား...စောင်ခေါင်းမြီးခြုံပြီးမကြာခင်မှာပင် အခန်းတံခါးပွင့်သံကြားလိုက်ရတာမို့ အမြန်ဆုံးလှုပ်ရှားနိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကို ကျေးဇူးတင်မိသည်...

"တော်ပါသေးရဲ့ အမြန်ပုန်းလိုက်လို့"

စိတ်ထဲကကြောက်စိတ်တစ်မျိုးလျော့ကျသွားသော်လည်း ကိုယ့်ကိုယ်ကို စိတ်ပျက်အားမရမှုနှင့် စိတ်အားငယ်မှုက အစားထိုးဝင်ရောက်လာခဲ့သည်။

PromiseWhere stories live. Discover now