“Mission No.1 အနေနဲ့ နင်နဲ့ Yeeun နဲ့ကို ခင်အောင်လုပ်မယ်”
ဟိုတစ်ရက်က ကြောက်တတ်တဲ့စိတ်ကို ဖျောက်ပေးမယ်ဆိုပြီးတည်းက Jayoon ကဒီလို mission ဆိုပြီး အထူးအဆန်းတွေပြောနေတော့တာဖြစ်သည်။ အတင်းအကျပ် မလုပ်မှာကိုသိတာမို့ ငြင်းတော့မငြင်းမိ…Seeun ကိုယ်တိုင်ကလည်း အကြောက်တရားကို တွန်းလှန်ချင်နေတာပဲဆိုတော့…
“ဝုန်းဒိုင်းဆိုပြီး Yeeun ကို နင့်ဆီခေါ်မလာပါဘူး စိတ်မပူပါနဲ့ ဖြည်းဖြည်းချင်းပေါ့…ခုကတော့ ညစာသွားစားရအောင်”
Seeun ခြေထောက်ပြန်ကောင်းသွားပြီးတည်းက သူတို့တူတူ နေ့လည်စာမစားဖြစ်ကြတော့တာ…မနက်ကျောင်းသွားရင်တော့ နှစ်ယောက်သားညှိပြီး အတူတူသွားကြပေမယ့် နေ့လည်စာစားချိန်မှာတော့ Seeun က Jayoon တို့အုပ်စုဆီမသွားရဲသလို Jayoon ကလည်း သူ့အုပ်စုကိုထားခဲ့ပြီး Seeun ဆီလာဖို့မလွယ်… Seeun တစ်ယောက်တည်းမဖြစ်နေအောင် Jayoonက ညစာတော့ တူတူစားပေးသည်။
အင်း တူတူစားဖို့အတွက် Seeun ကတော့ အချိန်စာရင်းကိုပြန်ညှိထားရတာပေါ့…
“ဒါနဲ့ ထူးဆန်းလိုက်တာ”
“ဘာလို့လဲ”
“နင်က Seeun နော်”
ညနေစာတူတူစားနေရင်းက ရုတ်တရက်ကြီး ထူးဆန်းတယ်ဆိုပြီး နာမည်တွေထမေးနေတဲ့ Jayoon က Seeun အတွက် ပိုထူးဆန်းပါသည်။
“အဆောင်မှာက Seeun ကျောင်းမှာက Yeeun အထက်တန်းတုန်းက ရင်းနှီးတဲ့အစ်မက Sieun…ငါက Eun တွေနဲ့ တော်တော်ကံစပ်ပုံပဲ”
Jayoon ပြောမှ သူတို့သုံးယောက်ရဲ့ နာမည်တွေဆင်နေတာကိုသတိထားမိတော့သည်။
“ဒါမယ့် Eun သုံးယောက်ထဲမှာ နင်ကတော့ အထူးခြားဆုံးပဲ”
“ဟင် ဘာလို့လဲ”
“အတော်ဆုံးပဲလေ”
“Yeeun ကငါ့လိုပဲ Sieun eonnie ကတော့ ငါတို့လောက်မဟုတ်ပေမယ့် နင့်လိုတော့မတော်ဘူး”
“ဒါပေမယ့် နင်တို့သာမတော်ဘူးဆိုရင် ဒီတက္ကသိုလ်ကို ဘယ်ရောက်ပါ့မလဲ”
Seeun အမှန်အတိုင်းပြောလိုက်ခြင်းပင်ဖြစ်သည်။ ဒီလို လူတိုင်းဝင်ခွင့်မရတဲ့ တက္ကသိုလ်မှာဝင်ခွင့်ရခဲ့တဲ့ သူတို့အရည်အချင်းက မတော်ပဲတော့မရှိ…

YOU ARE READING
Promise
Fanfiction"Jayoon ရေ နင်ဉာဏ်ကောင်းတယ်ဆိုပြီးကြွားခဲ့တဲ့လူက ကျောင်းရဲ့ အမှတ်အမြင့်ဆုံး Top Roll 3 ကြီးဟ" မတော်တဆကြွားခဲ့မိတဲ့လူက ကျောင်းရဲ့အတော်ဆုံးလူဖြစ်နေတဲ့အခါ "ငါသူ့ကိုတစ်သက်လုံးရှောင်သွားမှာ"