5

8 0 0
                                    

ပိတ်ရက်ဆို အိမ်ပြန်လေ့ရှိတဲ့ Seeun ကို တနင်္လာနေ့တိုင်းမှာ ဖေဖေကကျောင်းလိုက်ပို့ပေးတတ်သည်။ ဖေဖေနဲ့လိုက်တာတာမို့ ကျောင်းကိုအစောကြီးရောက်‌‌နေတာ…ကျောင်းတက်ဖို့က လိုသေးတာမို့ ‌လူရှင်းတဲ့တစ်နေရာမှာစာအုပ်ဖတ်နေဖို့ဆုံးဖြတ်လိုက်သည်။အိမ်မှာ အပြည့်အဝနားလိုက်ရတာမို့ ခြေထောက်ကလည်း ပုံမှန်ပြန်လျှောက်နိုင်ပြီ…

တစ်ယောက်တည်း လမ်းလျှောက်နေရင်းက Jayoon ကိုသတိရလာသည်။ အခု ခြေထောက်ပြန်ကောင်းသွားပြီဆိုတော့ အရင်လိုတစ်ယောက်တည်းပြန်ဖြစ်သွားဦးမှာပေါ့…မကောင်းသေးချင်ယောင်ပဲဆောင်နေလိုက်ရမလား

“သုံးရက်လောက်နဲ့လည်းသံယောဇဉ်က တွယ်တတ်တာပဲ”

ဖေဖေပေးတဲ့ စိတ်ပညာနဲ့ပတ်သတ်တဲ့ စာအုပ်ကိုဖတ်ရင်း Seeun တွေးမိသည်။

နေ့လည်စာစားချိန်မှာ Jayoon က Seeun ဆီကိုရောက်လာခဲ့သည်။ Seeun မျှော်လင့်သလို နေ့လည်စာတူတူစားပေးဖို့မဟုတ်ပဲ ဒီနေ့တော့ လာမစားပေးနိုင်တော့တဲ့အကြောင်းကိုလာပြောတာဖြစ်သည်။ ခြေထောက်သက်သာရဲ့လားလည်း မေးသွားသေး၏။ ထို့နောက်တော့ Jayoon ကိုမတွေ့တော့…

အတန်းထဲမှာ လူတစ်ယောက်မှမရှိတော့တာသေချာမှ Seeun အခန်းထဲကထွက်လာလိုက်သည်။ နေ့လည်စာစားပြီးတည်းက အတန်းမတက်‌တော့တဲ့ Jayoon က ခြေထောက်ပြန်ကောင်းနေတဲ့သူနဲ့ တူတူပြန်ဖို့ အတန်းထဲပြန်လာ‌လေမလားလို့တော့ မမျှော်လင့်တော့ပါ…ထုံးစံအတိုင်း တစ်ယောက်တည်းပဲ အဆောင်ကိုပြန်လာလိုက်သည်။

အဆောင်ကိုပြန်ရောက်တော့ Chae young eonnie ပြန်မရောက်သေး…စောစောပြန်လာတတ်သည့် Chae young eonnie အစား တစ်‌နေ့လည်ခင်းလုံးအတန်းထဲမှာမတွေ့တဲ့ Jayoon ကိုသာတွေ့လိုက်ရသည်။

ပြန်လာပြီလား…

‘အမြဲလန်းဆန်းတက်ကြွနေတဲ့ Jayoon အသံက အနည်းငယ်ထူးဆန်းနေသည်။’

အင်း နေမကောင်းလို့လား…

‘အင်း ခေါင်းကိုက်ပြီး ဗိုက်လည်းအောင့်နေလို့လေ’

‘ရရဲ့လား ဆေးခန်းသွားမယ်လေ’

‘မလိုပါဘူး ခဏနားလိုက်ရင်ရပြီ….ဒါနဲ့ အကိုက်အခဲပျောက်ဆေးရှိလား’

PromiseHikayelerin yaşadığı yer. Şimdi keşfedin