"အဲ့တော့ နင်ခုထိ သူနဲ့စကားတစ်ခွန်းတောင်မပြောဘူးသေးဘူးပေါ့"
"အင်း..."
"ဟိုက နင့်ကိုကြည့်မရလို့စကားမပြောတာနေမှာပေါ့ roll 3 ကိုသွားပြီး ငါကဉာဏ်ကောင်းတယ်လေးဘာလေးနဲ့ သူ့ကြည့်တော့ စာမေးပွဲတောင် margin ကနေအောင်ပြီး"
"ဟ အဲ့လိုမဟုတ်ဘူးလို့ဆိုနေ အဲ့ကိစ္စကိုငါတောင်းပန်မလို့ကိုတောင် ခုထိ စကားတစ်ခွန်းမှမပြောရသေးတာပါဆို"
Jayoon တို့အုပ်စု စတိုးဆိုင်မှာမုန့်ဝယ်နေရင်းက သူ့အဖြစ်ကို ဖောက်သည်ချနေမိသည်။
"ငါဘောပင်ဝယ်ဦးမယ်"
စားစရာမုန့်များဝယ်ပြီးနောက် စာရေးစရာဘောပင်မရှိတာကိုသတိရတာမို့ စာရေးကိရိယာရောင်းတဲ့ဆီကိုဦးတည်လိုက်သည်။
ကြုံရာဘောပင်တစ်ချောင်းကိုကောက်ကိုင်လိုက်ပြီးမှ မျက်လုံးထဲရင်းနှီးနေသော ဘောပင်တံဆိပ်ကိုလှမ်းမြင်လိုက်ရသည်။
ဒါ hyper သုံးတဲ့တံဆိပ်ပဲ...
Jayoon စကားပြောဖို့ကြိုးစားတိုင်း hyper က ရေးလက်စ စာကိုရပ်လိုက်လေ့ရှိတာမို့ တုန်နေတဲ့ ဘောပင်လေးကိုသတိထားမိနေတာ...Jayoon ကတော့ ဘောပင်ဆိုပြာရင်ရပြီဆိုပေမယ့် hyper ကတော့ brand အစွဲရှိပုံပေါ်သည်။ သူ့ဘောပင်တွေအကုန်လုံးက ဒီအမျိုးအစားကိုမှ အရောင်စုံလေး... ဟိုနေ့က ရေးနေတဲ့ ဘောပင်ကမင်ကုန်လုနီးနီးဖြစ်နေတာကို Jayoon မှတ်မိသည်။
Jayoon ထိုဘောပင် နှစ်ထုပ်ကိုဈေးခြင်းထဲထည့်လိုက်သည်။
ဟိုဟိုဒီဒီလျှောက်ကြည့်တော့ hyper သုံးတဲ့ ခဲဆံဘောပင်နှင့်ပုံစံတူတစ်ခုကိုတွေ့တာမို့ကောက်ကိုင်ကြည့်လိုက်သည်။
"အမယ် အကောင်းတွေဘာတွေကိုင်တော့မလို့လား?'
သူငယ်ချင်းရဲ့စကားကြောင့် Jayoon ဈေးနှုန်းကိုပြန်စစ်ကြည့်ပြီး မေ့လဲမလိုတောင်ဖြစ်သွားသည်။
"55000 အမယ်လေး ဘာများထူးခြားလို့လဲ???"
Jayoon အလျင်အမြန်ပင် ခြင်းထဲကဘောပင်နှစ်ထုပ်ရဲ့ဈေးကိုစစ်ဆေးလိုက်သည်။ သူပုံမှန်သုံးနေကြဘောပင်ထက် နှစ်ဆပိုဈေးကြီးပါသော...ဘောပင်တစ်ထုပ်ကို ပြန်ချကာ ပထမကိုင်ထားတဲ့ဘောပင်နဲ့ Sticky note တစ်ထုပ်ကိုပဲယူလိုက်တော့သည်။
![](https://img.wattpad.com/cover/366402324-288-k637269.jpg)
BINABASA MO ANG
Promise
Fanfiction"Jayoon ရေ နင်ဉာဏ်ကောင်းတယ်ဆိုပြီးကြွားခဲ့တဲ့လူက ကျောင်းရဲ့ အမှတ်အမြင့်ဆုံး Top Roll 3 ကြီးဟ" မတော်တဆကြွားခဲ့မိတဲ့လူက ကျောင်းရဲ့အတော်ဆုံးလူဖြစ်နေတဲ့အခါ "ငါသူ့ကိုတစ်သက်လုံးရှောင်သွားမှာ"