4

8 0 0
                                    

ဘယ်နှစ်နာရီ...ဟာ နောက်ကျပြီ...
ပုံမှန်အတိုင်း ၈:၄၅ မှနိုးလာတာကြောင့် Jayoon ဝရုန်းသုန်းကားထကာ ပြင်ဆင်ရတော့သည်။ သူ မနေ့က hyper ကိုလမ်းတွဲလျှောက်ပေးမယ်ပြောထားတာ...15 မိနစ်ဆိုတဲ့အချိန်က Jayoon ပြေးပုံမျိုးနဲ့ဆို ကိစ္စမရှိပေမယ့် ခြေထောက်နာနေတဲ့လူအတွက်တော့ ကျောင်းချိန်မှီမှာမဟုတ်...

"ဟင်မရှိတော့ဘူးလား တူတူသွားမယ်ပြောထားတာကို"

အခန်းထဲ ဘယ်သူမှမရှိတော့တာကိုကြည့်ပြီး Jayoon နည်းနည်းစိတ်ညစ်သွားရသည်။ တကယ်ဆို သူတွဲပေးမယ်ပြောတုန်းက ခေါင်းငြိမ့်ပြထားရင် သူ့ကိုစောင့်ရင်စောင့် မစောင့်ချင် သူမသွားခင်နှိုးရောပေါ့...

Jayoon စိတ်ရှုပ်ရှုပ်နဲ့ ဆံပင်တွေကိုဖွရင်း ပြင်စရာရှိတာကိုပြင်ဆင်နေလိုက်သည်။ စာအုပ်တွေထည့်ဖို့လုပ်တဲ့အချိန်မှာစားပွဲပေါ်မှာ မြင်လိုက်ရတဲ့ စာရွက်အပြာလေး...

"အိပ်နေတာမို့လို့ သွားနှင့်ပါတယ်...စာမေးချင်တာဆို ပြန်လာရင် ဖြေပေးပါမယ် :)"

Jayoon စာရွက်လေးကို အိတ်ထောင်ထဲထည့်ပြီးထွက်လာလိုက်တော့သည်။

~

"ခဏခဏ..."

‌နောက်စာရွက်တစ်ရွက်ကိုလှန်ဖို့ပြင်နေတဲ့လက်တွေကို Jayoon အသည်းအသန်တားလိုက်မိသည်။

"ဒါကူးတာမပြီးသေးလို့"

အခြေအနေကတော့ ကျောင်းပြေးလေး Jayoon က hyper ကိုစာရှင်းပြခိုင်းနေခြင်းပင်...စာရှင်းပြတယ်ဆိုလို့ hyper တို့စကားတွေပြောတယ်ထင်ရင်တော့ အမှားကြီးမှားပါလိမ့်မည်။ hyper က စတွေ့တုန်းကအတိုင်း စာရွက်လှန်ပြကာ သူရေးထားတာတွေကို လက်ညိုးညွှန်ပြနေခြင်း...

"ဒါကလေ ဒီနားကဘယ်လိုဖြစ်သွားတာလဲ ပြောပြပါလား"

တကယ်တော့ စာကအခက်ကြီးမဟုတ်...ဟိုတစ်ရက်မေးတည်းက hyper ရဲ့ စာမှတ်ပုံမှတ်နည်းကို Jayoon သဘောကျတာဖြစ်သည်။ သူရေးထားတာကို သေချာဖတ်ရင် နားလည်နိုင်တာဆိုပေမယ့် hyper ကို ‌စကားပြောစေချင်တာကြောင့်ရော ‌ပြန်ဖတ်ဖို့ အချိန်မပေးချင်တော့တာကြောင့်ရော Jayoon မေးလိုက်မိသည်။

PromiseWhere stories live. Discover now