"အကိုနဲ့တွေ့မှကျွန်တော်ဆိုတဲ့သူကပြောင်းလဲလာခဲ့တယ်..."
။။။
သာယာတဲ့မနက်ခင်းလေးမှာ ချယ်ရီပန်းလေးတွေပွင့်လန်းချိန် ဓါတ်ပုံရိုက်ရတာကိုသဘောကျနှစ်သက်တဲ့ရှင်းဂျယ်ယွန်းကဓါတ်ပုံရိုက်နေခဲ့တယ်...။
တိုက်ခတ်လာတဲ့လေကြမ်းများကြောင့်ဓါတ်ပုံရိုက်ရအဆင်မပြေနေကာ
"ဘယ်လိုလုပ်ရပါ့ ဓါတ်ပုံရိုက်ရတာလည်းအဆင်ကိုမပြေပါဘူး" လို့ညည်းညူရင်းနေရာပြောင်းပြီးဓါတ်ပုံသွားရိုက်လေရဲ့...။
ဖြစ်ချင်တော့ချယ်ရီပန်းလေးတွေကိုဓါတ်ပုံရိုက်နေရင်း ချောမောတဲ့ကောင်လေးတစ်ယောက်ကဓါတ်ပုံထဲပါသွားကာဂျယ်ယွန်းကတော့မသိဘဲဆက်ရိုက်နေခဲ့တယ်...။
၁၀ပုံလောက်ရိုက်ပြီးတော့မောသွားတာနဲ့ခုံမှာထိုင်လိုက်ရင်းဓါတ်ပုံတစ်ပုံပြီးတစ်ပုံကိုထိုင်ကြည့်နေခဲ့တာပေါ့...။
"သဘောမကျလိုက်တာ ဒီနေ့မှပဲလေကလည်းအသေကိုတိုက်နေတာ" ဆိုပြီးပြောနေတုန်းနောက်ဆုံးပုံလေးကိုကြည့်မိလိုက်ပြီး မြင်မြင်ချင်းဓါတ်ပုံထဲမှာကပ်ပါလာတဲ့ကောင်လေးကိုသဘောကျသွားခဲ့တော့ လိုက်ရှာပေမဲ့ထိုနေရာမှာမရှိတော့ဘူးပေါ့...။
အိမ်ပြန်ရောက်တော့ အခန်းထဲအရင်ဆုံးပြေးဝင်သွားပြီးရှုပ်နေတဲ့အဝတ်တွေကိုခြေထောက်နဲ့ဖယ်ထုတ်ပစ်ရင်း ဓါတ်ပုံဖလင်ပြားတွေကိုလည်းအမှိုက်ပုံထဲကောက်ထည့်ကာ ဘောင်တစ်ခုထဲထိုဓါတ်ပုံလေးကိုသပ်သပ်ရပ်ရပ်လေးသိမ်းလိုက်တော့တယ်...။
ဓါတ်ပုံလေးကိုပွတ်ကြည့်ပြီး
"တကယ်ချောတာပဲ" ဆိုပြီးမေးလေးထောက်ကာထိုင်ကြည့်နေခဲ့ချိန် ဂျယ်ယွန်းအမေကအခန်းတံခါးခေါက်လိုက်လေရဲ့...။
"ဗျာ?"
"ထမင်းစားမယ်လေ"
"အခုမှပြန်ရောက်တာကိုမစားချင်သေးဘူး ခနနေမှစားမယ်မေမေ"
"အေးအေးအဲ့ဆိုလည်းပြီးတာပဲ နင့်ညီမလေးနဲ့ပဲအတူတူစားလိုက်မယ်နော်"
YOU ARE READING
Physical Touch ✓ || Yunki🐥🐶
Short Storyအရမ်းညစ်ပတ်ပြီးကလေးဆန်တယ်၊နမော်နမဲ့နိုင်တတ်တဲဲ့ကောင်လေးနဲ့အရမ်းအသန့်ကြိုက်ပြီးရင့်ကျက်တယ်၊စေ့စပ်သေချာတဲ့ကောင်လေးတို့ရဲ့တစ်လွှဲတွေ့ဆုံမှုလေး...။