04(Final)

396 30 55
                                    

နောက်တစ်ပတ်ရဲ့ဗုဒ္ဓဟူးလေးရောက်တော့လေ့လာရေးခရီးထွက်လာရမယ့်ရက်ကိုရောက်ရှိလာခဲ့ပြီပေါ့...။

လေ့လာရေးခရီးကိုမုန်းတဲ့နီခီကတော့မျက်နှာပျက်နေကာကျန်တဲ့သူတွေကပျော်နေခဲ့တော့တယ်...။

ကားဂိတ်မှာလူစောင့်နေကြရင်းဂျယ်ယွန်းကပန်းရောင်ဝမ်းဆက်လေးဝတ်ပြီးပြေးလာကာ နီခီကဂျယ်ယွန်းကိုမြင်တာနဲ့ပြုံးလိုက်တာပေါ့...။

ဖြေးဖြေးချင်းဂျယ်ယွန်းအနားကိုရောက်သွားကာဂျယ်ယွန်းကမောနေခဲ့ပြီး

"ပန်းရောင်လေးနဲ့ချစ်စရာလေး" ဆိုပြီးအနောက်ကနေကပ်ပြောလိုက်တော့လှည့်ကြည့်လိုက်၍

"အနားမှာထိုင်မယ်နော်ကားပေါ်ရောက်ရင်" ဆိုပြီးပြောပြီးသူ့သူငယ်ချင်းတွေအနားကိုပြန်ရောက်သွားတော့တယ်...။

"ချစ်စရာလေးတဲ့" ဆိုပြီးပျော်နေကာ ခနအကြာကျလူလည်းစုံသွားခဲ့ပြီး

"ကဲကလေးတို့လူလည်းစုံပြီဆိုတော့ကားပေါ်တက်လို့ရပြီနော်" ဆိုပြီးပြောလိုက်တော့အကြီးတန်းတွေနဲ့အငယ်တန်းတစ်ချို့ကပါပြေးတက်ကြရင်းနီခီလည်းတက်မယ်လုပ်တော့

"နီခီလေးကအများနဲ့မှကားမစီးတာ"

"စီးချင်တာမို့ဖယ်ပေးပါဆရာမ"

"အော်..ဒါပေမဲ့ဥက္ကဌကတော်-"

"ဖယ်ပေးဒါကျွန်တော့်အမိန့်ပဲ"

"အော်တက်တက်" ဆိုပြီးပြောလိုက်တာနဲ့အပေါ်ကိုစတိုင်မိုက်မိုက်တက်သွားလေရဲ့...။

"အော်နီခီပဲ" ဆိုပြီးကောင်မလေးတွေကဖြစ်နေကြကာ ဘေးနားကသူငယ်ချင်းကိုပါတွန်းထုတ်ပစ်ပြီးခုံကိုဖုန်တွေသုတ်ပေးနေချိန်ပဲ ဂျယ်ယွန်းအနားကိုဝင်ထိုင်လိုက်တော့တယ်...။

"ကတိအတိုင်းပဲနော့်" ဆိုပြီးပခုံးပေါ်မှာမှီအိပ်လိုက်ကာ

"ရေမွှေးအနံ့ကနီခီအကြိုက်ပဲ" ဆိုပြီးပခုံးပေါ်မှီအိပ်ရင်းမော့ကြည့်လိုက်တော့မျက်နှာနားကြီးကပ်သွားပြီး နှစ်ယောက်သားအကြာကြီးအကြည်စိုက်နေကြလေရဲ့...။

Physical Touch ✓ || Yunki🐥🐶Where stories live. Discover now