နောက်တစ်နေ့လည်းရောက်ကော နီခီက
ဂျယ်ယွန်းကိုကျောင်းအပေါက်ဝမှာ ခေါင်းလေးငုတ်ပြီးစောင့်နေကာ"ရှင်းဂျယ်ယွန်း မင်းကဘာလို့အဲ့လောက်တောင်တော်ရတာလဲ?လူတွေအများကြီးရှေ့မှာလည်းကာကွယ်ပေးတာခံရသေး အခုလည်းစောင့်နေတာခံရသေးနဲ့" ဆိုပြီးပျော်နေခဲ့ပြီး နီခီအနားကိုသွားလိုက်၍ ချောင်းဆိုးပြလိုက်တော့တယ်...။
"ရောက်လာပြီလား?"
"ငြင်းတုန်းကတုန်းအသေလည်းငြင်းထားပြီးတော့အခု-" ဆိုပြီးပြောနေတုန်းပိုက်ဆံပေးလာတော့
"အော်?"
"အအေးသွားဝယ်ပေးအအေးသောက်ချင်တယ်"
"အမ်??"
"ချိုချိုလေးစတော်ဘယ်ရီဖျော်ရည်အေးအေးလေးမှသောက်ချင်တာနော်" ဆိုပြီးပြုံးလိုက်ရင်း
"ခေါင်မိုးထပ်မှာပဲသောက်ချင်တာမို့ ခေါင်မိုးထပ်ကိုလာပို့ပေး မြန်မြန်လေးနော်" ဆိုပြီးပြောလိုက်ကာကျောင်းထဲဝင်သွားလေရဲ့...။
"စတော်ဘယ်ရီ?" ဆိုပြီးတွေဝေနေပေမဲ့လည်း
"အော်?ရုပ်ရှင်ကားတွေထဲကလိုငါ့ကိုတိုက်ဖို့ဖြစ်မယ်" ဆိုပြီးဖျော်ရည်ကိုပြေးပြီးသွားဝယ်လိုက်ကာ ဝယ်ပြီးသွားတော့ခေါင်မိုးထပ်က၇လွှာမှာမို့ဓါတ်လှေကားစီးမယ်လုပ်ပြန်တော့လည်းဓါတ်လှေကားကတော်တော်နဲ့မဆင်းလာတာနဲ့ ရိုးရိုးလှေကားကနေပဲအလျင်အမြန်တက်သွားတာပေါ့...။
YOU ARE READING
Physical Touch ✓ || Yunki🐥🐶
Short Storyအရမ်းညစ်ပတ်ပြီးကလေးဆန်တယ်၊နမော်နမဲ့နိုင်တတ်တဲဲ့ကောင်လေးနဲ့အရမ်းအသန့်ကြိုက်ပြီးရင့်ကျက်တယ်၊စေ့စပ်သေချာတဲ့ကောင်လေးတို့ရဲ့တစ်လွှဲတွေ့ဆုံမှုလေး...။