Special ep

329 28 16
                                    

"ဒီနေ့ဘယ်သွားချင်လဲ?"

"အွန်းးးရုပ်ရှင်ရုံ"

"ရုပ်ရှင်သွားကြည့်ချင်တာလား?"

"အွန်း"

"ဘာရုပ်ရှင်လဲ?"

"ဘာဘီကာတွန်းကား"

"အဲ့ဆိုကိုယ်ဘိုကင်တင်လိုက်မယ်လေနော့်" ဆိုပြီးဖုန်းကနေဘိုကင်လှမ်းတင်လိုက်ကာ

"ညနေ၄ခွဲပြမယ်တဲ့"

"ဟုတ်ပြီ နောက်ဆုံးတော့movieဒိတ်တော့မယ်" ဆိုပြီးပျော်နေခဲ့ပြီး ညနေရောက်တော့နှစ်ယောက်သားရုပ်ရှင်အတူတူသွားကြည့်ကြတော့တယ်...။

ရုပ်ရှင်ရုံထဲလည်းရောက်ကောဘယ်သူမှရှိတာကြောင့်

"အယ်တခြားသူတွေကော?"

"ကိုယ်ရုပ်ရှင်ရုံကိုဝယ်လိုက်တာလေ"

"ဟမ်???"

"ကိုယ့်‌ဘေဘီလေးစိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့"

"အယ်လိုပါဘူး"

"ဒါနဲ့ဘာလို့အနွေးထည်ဝတ်လာတာလဲ?"

"အေးမယ်ထင်လို့"

"အမြဲအဲ့တိုင်းပဲ လက်ပေး" ဆိုပြီးလက်လေးကိုနူးနူးညံ့ညံ့‌ကိုင်လိုက်ကာသူ့အာငွေ့လေးနဲ့နွေးအောင်လုပ်ပေးပြီးသူ့အနွေးထည်အိတ်ကပ်ထဲလက်ကိုထည့်ထားခိုင်းတာပေါ့...။

ရုပ်ရှင်လည်းစတင်ပြသပြီးဂျယ်ယွန်းကတော့
တကယ့်ကိုကလေးအတိုင်းရုပ်ရှင်ကိုစိတ်ဝင်တစားကြည့်နေကာ နီခီကဂျယ်ယွန်းရဲ့ချစ်ဖို့ကောင်းတဲ့မျက်နှာလေးကိုထိုင်ကြည့်နေလေရဲ့...။

Physical Touch ✓ || Yunki🐥🐶Where stories live. Discover now