အခန်းကိုရှာတွေ့သွားပြီး အခန်းအရှေ့ရောက်တော့ တံခါးဖွင့်ဝင်လိုက်ကာ အားလုံးကဝိုင်းကြည့်ကြတော့တယ်...။
စာသင်နေတဲ့ဆရာမပါစာသင်တာရပ်သွားပြီး နာရီကိုကြည့်လိုက်ကာ ကျန်တဲ့သူတွေကနှာခေါင်းရှုံနေကြ၍
"နံလိုက်တာ" ဆိုပြီးအတင်းပြောနေကြတာပေါ့...။
"ဘာလို့အခုမှလာတာလဲ?"
"တောင်းပန်ပါတယ်ဗျကျောင်းသားအသစ်မို့လို့ပါ"
"ကျောင်းသားအသစ်ဆိုတိုင်းနောက်ကျတာကိုလက်ခံပေးရမှာလား?ပြီးတော့တစ်နာရီတောင်လွန်နေပြီ"
"တောင်းပန်ပါတယ်ဗျ"
"ထားလိုက်တော့နောက်တစ်နေ့ကျမနောက်ကျစေနဲ့ ပြီးတော့အင်္ကျီလဲလိုက်ပါ" ဆိုပြီးအံဆွဲထဲကနေအင်္ကျီတစ်ထည်ထုတ်ပြီးပေးလိုက်ကာ
"ဟုတ်ကျေးဇူးပါ"
"လွတ်သွားတဲ့စာသူငယ်ချင်းတွေဆီကပြန်ကူးလိုက်"
"ဒါနဲ့သန့်စင်ခန်းကဘယ်မှာလဲဗျ?"
"အနောက်မှာ အဲ့ဒါအဝတ်အစားလဲခန်း အဲ့ထဲဝင်လဲလိုက်" ဆိုပြီးပြောတော့ဂျယ်ယွန်းလည်းအနောက်ကိုလှည့်ကြည့်လိုက်၍ ခေါင်းညွတ်ရင်းကုတ်ချောင်ချောင်လေးဝင်သွားတော့တယ်...။
နားချိန်ရောက်လာတော့ဂျယ်ယွန်းကပျင်းနေကာ ပုံတွေလျှောက်ဆွဲနေချိန် အားကစားကွင်းကနေပေါ်ထွက်လာခဲ့တဲ့
"နီခီ နီခီ နီခီ" ဆိုပြီးအော်ဟစ်ကြွေးကြော်သံကြောင့်ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်ကာ
"အော် ဘတ်စ်ကတ်ဘောဆော့နေတာပဲ" ဆိုပြီးမေးထောက်ပြီးကြည့်နေခဲ့လေရဲ့...။
"ချောလိုက်တာ ချွေးလေးတွေတောင်သွားယက်ပေးချင်တယ်" ဆိုပြီးနီခီဘောလုံးကစားတာကိုကြည့်နေချိန်ပဲ တခြားအသင်းဘက်ကနီခီကိုတိုက်ချလိုက်ပေမဲ့ နီခီကစတိုင်မိုက်မိုက်နဲ့မပြုတ်ကျအောင်ထိန်းထားပြီး
"လူပါရွံဖို့ကောင်းတာမဟုတ်ဘူး စိတ်ထားကပါအောက်တန်းကျတာ" ဆိုပြီးအော်ပြောလိုက်တော့ အားလုံးကနီခီနာမည်ကိုထအော်ကြတာပေါ့...။
![](https://img.wattpad.com/cover/366540236-288-k387420.jpg)
YOU ARE READING
Physical Touch ✓ || Yunki🐥🐶
Short Storyအရမ်းညစ်ပတ်ပြီးကလေးဆန်တယ်၊နမော်နမဲ့နိုင်တတ်တဲဲ့ကောင်လေးနဲ့အရမ်းအသန့်ကြိုက်ပြီးရင့်ကျက်တယ်၊စေ့စပ်သေချာတဲ့ကောင်လေးတို့ရဲ့တစ်လွှဲတွေ့ဆုံမှုလေး...။