ချောစုလဲရွာထဲလိုက်ပြနေရင်းမောင့်အားစကားဆိုလေသည်။
"အန်တီလေးကတော်တော်ချောတာပဲ ကောင်လေးရှိမယ်ထင်တယ်"
"ဟော မရှိရပါဘူးရှင်"
"အန်တီလေးကေဇင်လို့ပဲခေါ်မယ်နော့်"
"ခေါ်ပါခေါ်ပါ ဒါနဲ့ချောစုကမောင့်ထက်၁နှစ်ကြီးတယ်ဆို"
"ဘယ်သူလဲမောင်က"
"မောင်က ကိုယ့်ဘာကိုယ်ပြောတာပါ"
"အော်..မသိဘူးလေ ကျနော်အသက်က၁၅နှစ်ဗျ့"
"မောင်က၁၄ပဲရှိသေးတာ"
"အန်တီလေးကကော အန်တီလေးကတော့ကျိန်သေပေါက်ရှိမှာပေါ့"
"အင်း ဘယ်သူမှမပြောနဲ့နော်"
"မပြောပါဘူးဗျာ"
"ချောစုကောရှိလား"
"ရှိတာပေါ့"
"ဟာ အားကျ"
"အိမ်ပြန်ကြရအောင် ကြီးကြီးကမှာလိုက်တယ် အန်တီလေးတို့ အဘပိုင်အိမ်ကိုထမင်းစားသွားရမယ်တဲ့"
"ဟုတ်လား"
"အော်အင်းပါ"
"မနက်ဖြန်မှအစုံလိုက်ပြမယ်"
~~~
"အဘပိုင်ရဲ့အိမ်မှာဧည့်သည်ရောက်နေတာလား...ဘယ်ကလဲမသိဘူး မျက်မှန်လေးနဲ့ကောင်မလေးကချစ်စရာလေးပဲ...အတော်တောင်မှောင်နေပြီ..သင်တန်းကပင်ပမ်းလိုက်တာမနက်ဖြန်မှပဲယဉ်တို့အိမ်သွားတော့မယ်"~~~
မောင်တစ်ယောက်၈နာရီကျော်ကျော်လောက်နိုးလာလေသည်။ မောင်သည်နဂိုထဲကခရီးပမ်းလျှင်ညနေ၁နာရီေလာက်ထိအိပ်တတ်သူ။ သို့သော်ယခုစောစောနိုးနှင့်လေသည်။ အိပ်ယာအပြောင်းအလဲကြောင့်ပင်ဖြစ်မည်။"နိုးပြီလား မောင်"
"နိုးပြီမမအိမ့်"
"အေး မျက်နှာသွားသစ်လိုက်အုံး"
"အင်းပါ"
သူမလည်းမျက်နှာသစ်ပြီးသည်နှင့်ကြီးမေကြီး၏စကားကြောင့်သနပ်ခါးအနည်းငယ်လိမ်းထားလိုက်လေသည်။ မနက်စာစားနေရင်းမောင်တစ်ယောက်ဖုန်းသုံးနေလေသည်။
YOU ARE READING
တွယ်တာမိသောအမျိုးသမီး
Short Story"မြတ်နိုးမိသူက တီချယ်မေပါပဲ" ကေဇင်နန်းထိုက်မောင် "မောင့်ကိုပဲချစ်တယ်" မေသော်တာလွင် "တို့အချစ်ကိုမောင်မမြင်ဘူးလားကွယ်" ခင်စန္ဒာမြနွယ်