"မောင်မနိုးသေးဘူးလား ယဉ်"
မောင်တို့အားမနက်စာစားရန်သူမကိုယ်တိုင်လာခေါ်လေသည်။ ဘယ်ချိန်ကြည့်ကြည့်လှနေသောအမျိုးသမီးပါ။
"မနိုးသေးဘူးမမ ဒီကလေးအဲ့လောက်မအိပ်ပါဘူး"
ယဉ်လဲပြောပြောဆိုဆိုနှင့်မီးဖိုချောင်ထဲကထွက်လာကာမောင့်နားသွား၍ကိုယ်လက်များအားကိုင်ကြည့်ရာကိုယ်ပူနေလေသည်။
"အဲ့ဆိုနှစ်ယောက်ခေါ်သွားနှင့်...."
"မမရေ မောင်ဖျားနေပြီထင်တယ်"
"ဟမ်.."
စန္ဒာလည်းမောင့်နားရောက်လာကာသူမလက်ဖြင့်
မောင့်နဖူးအားတိုင်းကြည့်ရာ ကိုယ်ပူနေသည်။"ကလေးကဖျားနေတာပဲ"
"ကလေးကရွာနဲ့အသားမကျလို့ဖျားသွားတာထင်တယ် သူကမြို့မှာနုနုရွရွနေတာလေ ရွာမှာကျတော့အဲ့လိုမဟုတ်တာရယ် ရာသီဥတုကြောင့်လဲပါမှာပေါ့"
"ဟုတ်မယ်...ကလေးအိပ်ပါစေ သူနိုးမှညည်းလာပို့လိုက်"
"အေးအေး မမ"
,,,"အာ့ ခေါင်းကိုက်လိုက်တာ"
မောင်နိုးလာလေသည်။ သူမနေမကောင်းသဖြင့်ခေါင်းတွေမူးနောက်ဝေဝါးနေကားတစ်ကိုယ်လုံးကိုက်ခဲေနလေသည်။ သူမလက်တစ်ဖက်သည်ခေါင်းကိုကိုင်ထားကာတဖက်သည်မျက်မှန်ဝတ်လိုက်ရင်းမီးဖိုချောင်ထဲဝင်သွားလေသည်။
"မမကြီး..."
"မောင်နိုးလာပြီလား"
"လာပါဦးကိုယ်ပူနေသေးလား"
"ဗျာ..."
"နှုတ်ခမ်းတွေကအရောင်ဖျော့နေပါလား"
"ဘာဖြစ်လဲလို့ ယဉ်"
"မောင်ဖျားေနပြီအမေရေ..."
"မောင်ဘာမှမဖြစ်ပါဘူး"
"ဘာကိုမဖြစ်တာလဲ..."
"ပြအုံး ကျုပ်ကြည့်စမ်းမယ်"
"ကလေးကဖျားနေတာပဲ စန္ဒာရော"
"မစန္ဒာက ကလေး၂ရောက်ခေါ်သွားပြီ မောင်နိုးမှမောင့်ကိုလာပို့တဲ့"
"ငါသွားပို့လိုက်မယ် စန္ဒာ့ညီေလးရှိရင်ေမာင့်ကိုပြခဲ့မယ်"
YOU ARE READING
တွယ်တာမိသောအမျိုးသမီး
Short Story"မြတ်နိုးမိသူက တီချယ်မေပါပဲ" ကေဇင်နန်းထိုက်မောင် "မောင့်ကိုပဲချစ်တယ်" မေသော်တာလွင် "တို့အချစ်ကိုမောင်မမြင်ဘူးလားကွယ်" ခင်စန္ဒာမြနွယ်