"မောင်...အိမ့်ရေ...ခနလာကြအုံးကွယ်"
"ရှင်မမကြီး"
"လာပြီဗျာ့"
"ညနေ့ရွာထဲကဆရာလေးမွေးနေ့ရှိတယ် အဲ့တာသူကနေ့လည်ဘက်မုန့်ကျွေးပြီးညဘက်ပွဲပြမယ်တဲ့"
"သမီးတခါမှရွာကပွဲမကြည့်ဖူးဘူး"
"သမီးကတော့မကြည့်တာပျင်းလို့"
"မမကြီးမေးချင်တာက မောင်တို့ပွဲကြည့်မယ်ဆိုရင်နေ့လည်ဘက်မုန့်ကျွေးတာကိုကလေးတွေခေါ်သွားလိုက်မယ်"
"ဟုတ်ကဲ့"
"ဟုတ်"
"ဟုတ်ပြီ"
~~~
"ဆရာမ....ဆရာမ....ဆရာမဒေါ်ခင်စန္ဒာမြနွယ်"
"ရှင်"
စန္ဒာတစ်ယောက်သင်တန်းတွင်ခေါ်မကြားအော်မကြားစိတ်ကတစ်ခြားတစ်နေရာရောက်နေပြန်သည်။ မောင်နှင့်အိပ်ခဲ့သည့်ညအားပြန်တွေးနေမလား။
"ဆရာမရယ်ခေါ်လိုက်ရတာ"
"ဟို တောင်းပန်ပါတယ်ရှင့်"
"ရပါတယ် ဒါကလေ......"
*စိတ်တွေ ကိုယ်နဲ့မကပ်နေအောင်စိုးမိုးထားပါလားကလေးရယ်*
~~~
"အန်တီလေး....""ဟေ..."
"သွားရအောင်...နောက်ကျနေပြီ"
၇နာရီကျော်လောက်ရှိပြီမို့ပွဲကြည့်ရန်ချောစုလာခေါ်လေပြီ။ ချောစုနှင့်အတူ သူမသူငယ်ချင်း မြင့်သက်နှင့်ပန်းဖြူတို့လည်းပါလာလေသည်။
"အေးပါ"
"ဟဲ့ နင့်အန်တီလေးကတကယ်ချောတာပဲ"
"ဒါပေါ့ဟ"
"အန်တီလေးအိမ့်ကော"
"လာလိမ့်မယ် နှုတ်ခမ်းနီဆိုးနေလို့"
"ရွေ့ဆုံးတန်းရမှကြည့်မှာနော်"
"ငါကောပဲနော်"
ချောစုသူငယ်ချင်းတွေကြားမောင်တစ်ယောက်ကြောင်တောင်"လေးရပ်နေလေသည်။ ပန်းဖြူသည်အလျှင်အမြန်ပင်မောင့်နားသို့ကပ်သွားလေသည်။
"ဒါနဲ့ နမည်ဘယ်လိုခေါ်လဲ"
"ကေဇင်နန်းထိုက်မောင် မောင်လို့ပဲခေါ်ပါ"
YOU ARE READING
တွယ်တာမိသောအမျိုးသမီး
Short Story"မြတ်နိုးမိသူက တီချယ်မေပါပဲ" ကေဇင်နန်းထိုက်မောင် "မောင့်ကိုပဲချစ်တယ်" မေသော်တာလွင် "တို့အချစ်ကိုမောင်မမြင်ဘူးလားကွယ်" ခင်စန္ဒာမြနွယ်