ရင်ထဲက ပန်းတော်ဝင် 🪷

691 51 1
                                    

" သားတော် "

" ဟုတ်ကဲ့ ဖခမည်းတော် "

" ဒါ သားတော်ကို လမ်းခရီးတလျောက်
အနီးကပ် စောက်ရှောက်ပေးမယ့် သူပဲ
Jungkook တဲ့ "

"သူက ယုံရလို့လား သားတော်က
ဘယ်လိုယုံကြည်ပြီး
သူနဲ့ အတူသွားရမှာလဲ "

စစချင်းဆောက်နဲ့ ထွင်းသလို
စူပုတ်ပုတ် မျက်နှာပေးလေးနဲ့ ပြောလာတဲ့
ကိုယ်တော်လေးရဲ့ မျက်နှာကို
ခေါင်းငုံ့ထားလျက်က
မျက်လုံးပင့်ကြည့်လိုက်မိသည်....

အို.... ဆံနွယ်ရှည်လေးတွေနဲ့
နူတ်ခမ်းရဲရဲ ပါးမို့မို့လေးတွေ....
စူးစူးရှရှ မျက်အိမ်လေးတွေ....
အစတည်းက တချက်တချက်
ခိုးကြည့်မိပေမယ့်
သေချာကြည့်မိတဲ့ အခါ သိပ်ကိုလှပါတဲ့
အရှင့်သား.....

နူးနူးညံ့ညံ့လက်ကလေးတွေနဲ့
ရေနွေးခွက်ကို လူကြီးလေးလို
ကိုင်ထားပုံက အရှင်သာ
အရှေ့မှာ ရှိမနေရင် Jungkook
ဘာထလုပ်မိမလဲ မပြောပြတတ်...

" သားတော်အတွက် ဖခမည်းတော်
စီစဉ်တာ ဘယ်တုန်းကများ မှားဖူးလို့လဲ
ယုံကြည်ရတယ် သူနဲ့သွား
မဟုတ်ရင် ဘယ်မှ မသွားရဘူး
သားတော် "

မင်းသားလေး စူပုတ်နေရခြင်းမှာ
တခြားမဟုတ် ...
အကြောင်းရင်းက အပြင်ဘက်ကို
လွတ်လွတ်လပ်လပ် တယောက်တည်း
သွားချင်တာဖြစ်ပြီး
ခမည်းတော် က
သူ့ လူယုံကို ထည့်ပေးနေတဲ့အခါ
သိပ်အလို မကျချင်....

" သားတော်က ကလေးလဲ မဟုတ်ဘူး
ပြီးတော့ ကိုယ့်မြေ မှာပဲ
ကိုယ်ရှိနေမှာကို ဒီလောက်ထိ လိုလို့လား
ဖခမည်းတော် ..."

" ဒါဆိုလဲ တယောက်ထဲ သွားချင်ရင်
ကိုယ်ခံပညာအရင် သင်ရမယ် သားတော်
Jungkook ဆီမှာ ကိုယ်ခံပညာသင်ပြီး
တတ်ကျွမ်းတဲ့ အခါ ခမည်းတော်
ခွင့်ပေးမယ် "

" ဟွန့်....! "

ကလေးလို
ခြေတချက်ဆောင့်လိုက်တဲ့ အခါ
ကိုယ်ရံတော်လေးခမျာ မနေနိုင်တော့
အသဲယားစွာ ပြုံးမိသွားရသည်....

" ဘာရယ်တာလဲ ...!!! "

" ခင်ဗျာ"

" ဘာရယ်တာလဲလို့ ...! "

" ဟို ... ကျနော်မျိုးက...."

" ငါ့ကို လှောင်နေတာလား"

" မ... မဟုတ်ရပါဘူး အရှင့်သား..."

အသဲယားစွာပြုံးမိတာလေးကို
အရှင့်သားက စိတ်ဆိုးလာတော့
တပ်မှူးလေး ဘာလုပ်ရမှန်းမသိတော့...
စိတ်ကွက်ပြီး ငါ့ကိုသာ
သူ့နောက်မလိုက်ခိုင်းရင်
ဘယ်လိုလုပ်ရပါ့မလဲ....

" မေးတာဖြေလေ ...!!! "

ဖတ်....!

နှလုံးသားနေရာ တည့်တည့်ကို
လက်ဖဝါးနုနုလေးနဲ့ ဖြတ်ခနဲ
ရိုက်လာတဲ့ အခါ နှလုံးသားမယ်
တဒိန်းဒိန်းနဲ့ ....
ပေါက်ကွဲထွက်တော့ မလိုပဲ....
အရှင့်သားရယ်....
ဒီရင်ထဲမယ် ဆိုင်းဝိုင်း
အဖွဲ့ရောက်နေသလို ‌‌‌ဗြောင်းဆန်နေပြီ

ဘယ်သူ့ ဘယ်သူနဲ့မှ ဒီလိုခံစားချက်မျိုး
မရခဲ့တာကို....
ဟိုးးးး အမြင့်က
လက်လှမ်းမမှီနိုင်တဲ့
ပန်းကလေးနဲ့မှတဲ့လား....
တပ်မှူးလေးရယ် ....

ရင်ထဲက ပန်းတော်ဝင် 🪷🪷Where stories live. Discover now