ဒေါက် ... ဒေါက် ...
" အရှင့်သား ... ကျနော်မျိုး Jungkook ပါ"
" ဝင်ခဲ့လေ "
ဝင်ခဲ့လေ ဆိုတဲ့ စကားအဆုံး
တံခါးဖွင့်ကာ ဝင်သွားခဲ့သည့်
တပ်မှုးလေးမှာ လက်ထဲမှာ
သယ်ဆောင်လာသည့် စားစရာတွေ
ပြုတ်ကျသွားမိတော့ မလို
ဖြစ်သွားရသည်....အကြောင်းရင်းမှာ
အရှင့်သားလေး၏ အပေါ်ပိုင်းဗလာ
အကျီမပါတဲ့ ကိုယ်လုံးလေးကို
မျက်ဝါးထင်ထင် မြင်လိုက်ရ၍ ဖြစ်သည်'' စိုး... စိုးရွံ့မိပါတယ် အရှင့်သား....
ကျနော်မျိုး အပြင်ထွက်ပေးပါ့မယ် "တစက်စက်တုန်ရီနေတဲ့ လက်တွေဟာ
ရန်သူတထောင်ကို
သုတ်သင်ခဲ့ဖူးတယ်ဆိုရင်
ယုံကြမလား....ဓားကိုင်ဖူးတဲ့ လက်တွေဟာ
မိန်းမလှများစွာကိုလဲ ထိတွေ့ခဲ့ဖူးပါသည်
ရင်ထဲ တလှပ်လှပ်နဲ့ ဂနာမငြိမ်
ခံစားချက်ကတော့ ဒါပထမဆုံးပဲ ..."ဘာလို့လဲ မင်းလဲ ယောက်ျား...
ငါလဲ ယောင်္ကျားပဲကို ... လာလေ
ဝတ်ရုံ ကူဝတ်ပေးစမ်းပါ ... တခါမှ
မလုပ်ဖူးလို့ ..."လွယ်မနေလို့ ခံစားချက်တွေ မြိုသိပ်ရတာ
မလွယ်လို့ ထွက်ပြေးဖို့ ကြံပေမယ့်
မင်းသားလေးဟာ လက်မခံခဲ့ ...
ဝတ်ရုံဝတ်ရတာ ခက်ခဲလို့
အခက်တွေ့နေတဲ့ မျက်နှာလေးနဲ့
အကူအညီတောင်းလာတဲ့ အခါ
တပ်မှုးလေးယောင်ယမ်း၍
ဒူးထောက်မိသွားသည်...." စိုးး ရွံ့မိပါတယ် အရှင့်သား "
" ဘာလဲ ဘာဖြစ်လို့ ဒူးထောက်နေတာလဲ"
" ကျ.. ကျနော်မျိုး...."
" ဟမ်... မင်းလဲ မဝတ်တတ်လို့ လား..."
" ခင်ဗျာ ..."
" မဝတ်တတ်ရင်လဲ နေတော့
ဒူးထောက်စရာမလိုပါဘူး ...
ဒါက အပြစ်ကြီးမှ မဟုတ်တာ...
ငါ ဝတ်တတ်သလိုပဲ ဝတ်လိုက်မယ် ..."ဝတ်ရုံကို အပေါ်ကနေ ဆွဲကာ
ဖြစ်သလို ကြိုးဆွဲချည်ဖို့ လုပ်နေတဲ့အခါ
တပ်မှုးလေး မနေသာတော့ ...." ကျနော် ကူညီပေးပါမယ် ...."
" အင်း...."
ပုံမှန်ထပ် ကြီးလွန်းတဲ့ ဝတ်ရုံကို
သူ့သဘောနဲ့ သူရွေးချယ်ဝတ်ပြီး
ဝတ်ရုံထဲ ကိုယ်လုံးလေး မြှပ်နေသည့်အခါ
အလိုမကျသော မျက်နှာလေးနှင့်
နူတ်ခမ်းလေးက တထော်ထော် ...." ရပါပြီ အရှင့်သား ... "
" အင်း... ကျေးဇူးပဲ ...."
" ညစာသုံးဆောင်လို့ ရပါပြီ .... "
" အတူတူစားမယ် ... ငါ
ထမင်းတယောက်ထဲ စားရင်
အထီးကျန်တယ် ... နန်းတော်မှာဆို
ခမည်းတော်နဲ့ အတူတူစားတာ
ဒီမှာ မင်း က အဖော်လုပ်ပေး... "" အရှင့်သား သဘောပါပဲ ..."
ပျော်တာပေါ့ ....
မြိန်တာပေါ့....စားခဲ့ဖူးသမျှ ထမင်းပွဲ တွေထဲမှာ
အဓိပ္ပယ် အရှိဆုံးနဲ့ အလှပဆုံးပါပဲ..." ငါနဲ့ အတူ လာအိပ်လေ ..."
" အဟွတ် အဟွတ်...! "
" ဘာတုံး ဒါလေးပြောတာကို "
ထမင်းစားနေရင်း ထသီးတာကြောင့်
ရေတခွက် ချပေးလာတဲ့ အခါ
ခပ်မြန်မြန်ပင် ကောက်မော့လိုက်ရသည်...ပြန်တွေးကြည့်တော့လဲ ....
တပ်မှုးလေးကပဲ အတွေးလွန်နေတာလေ
အရှင့်သားလေးက သဘောရိုးနဲ့မို့
ပေါ့ပေါ့ပါးပါး ပြောနိုင်တာလဲ
ဖြစ်နိုင်တာပဲ ....ဒီလို တွေးမိလိုက်တဲ့ အခါမှာတော့
ရင်ထဲက နဲနဲတော့ နာသည်...." ငါနဲ့ မအိပ်ချင်လို့လား"
" ကျနော်မျိုး မငြင်းရက်ပါဘူး
အရှင့်သား အဆင်မပြေမှာပဲ
စိတ်ပူမိတာပါ...."" ရတယ် ငါက အဆင်ပြေတယ် ....
ပြီးတော့ နန်းတော် အပြင်မှာ ရှိနေတဲ့
ခနတော့ ငါ့ကို အရှင့်သားလို့ မခေါ်နဲ့လေ
တိုင်းတပါးက သိကုန်လို့
ငါ့ကို ရန်ရှာရင် ဘယ်လိုလုပ်မလဲ "" ကျနော်မျိုး ဘယ်လိုခေါ်ရမလဲ
အရှင့်သား..."" အင်း.... စဉ်းစားဦးမယ် ...
ဟုတ်ပြီ ... ငါက မင်းထပ်
ငယ်တာဆိုတော့ မင်လေး လို့ခေါ် ...."" မင်လေး...."
" ဟုတ်တယ် ... ခေါ် ကြည့်"
" မင်လေး....."
" ငါက မင်းကို ကျ
ကု လို့ခေါ်မယ် ... အဆင်ပြေလား "" အရှင့်သား သဘောပါ ...."
" ကု ...."
" ခင်ဗျာ ...."
" မင် လေး လို့ ပြန်ခေါ်လေ...."
" မင်လေး.... "
" ဟီးးး .... သဘောကျတယ် ....
ဖခည်းတော် က တိုင်းပြည်ကို အုပ်ချုပ်ခွင့် ပေးတဲ့ အခါ မင်းကို နယ်စားမင်း
ခန့်မယ် ..."ချစ်စရာ အမူအရာလေးနဲ့
တွေးတွေးဆဆလေး ပြောပုံက
ချစ်စရာ ကောင်းလွန်း၍ တပ်မှုးလေးခမျာ
အသက်ပင် မရူနိုင်
ငေးမောကြည့်နေမိပါတော့ သည်....အရှင့်သားကို မှ ချစ်မိသည် ....။
YOU ARE READING
ရင်ထဲက ပန်းတော်ဝင် 🪷🪷
FanficHello....! ဆာဝါဒီခ ထုခွန် ..... မင်ကလေ ဒီ ပန်းတော်ဝင် 🪷 fic ကလေးကို လက်တန်းရေးထားတာပါ။ ပေါ့ပေါ့ပါးပါး လေးပဲ ရေးထားတာကြောင့် ပေါ့ပေါ့ပါးပါးလေးပဲ ဖတ်ပေးကြပါနော်။ အားလုံးကို ချစ်တယ် ။ အားလုံးကလဲ ချစ်ပေးကြမယ်လို့ မျှော်လင့်မိပါတယ် .... 🪷 ချစ်တဲ့ MINE...