"တော်လောက်ပြီ သားတော် ....
Jungkook မပါရင် သားတော်လဲ
အပြင်မထွက်ရဘူး ... ဘာလုပ်မလဲဆိုတာ
မြန်မြန်ဆုံးဖြတ်ပါ "ဖခမည်းတော်ရဲ့ အမိန့်ကြောင့်
မင်းသားလေး ဘာမှဆက်မပြောသာတော့" ဟုတ်ပါပြီ သားတော် သူနဲ့ သွားမယ်
ခမည်းတော် ကျေနပ်ပြီလား..."" ကဲ ... ဒါဆိုလဲ လိုအပ်တာ စီစဉ်ချည်
သားတော် .... ဆောင်းတွင်းကာလမို့
အပြင်မှာ အရမ်းအေးတယ်
သားမွှေးရုံ ထည့်သွားချည် သားတော်"" ဟုတ်ကဲ့ ..."
မကျေနပ်သလို တချက်ကြည့်ပြီး
ကိုယ့်ရှေ့ကနေ သူ့နန်းဆောင်ကို
ပြန်တဲ့ အခါ....
ရနံ့သင်းသင်းလေးသာ Jungkook အနား
ကျန်ရစ်ခဲ့သည်...
မော်ဖူးခွင့်သာ ရမယ်ဆိုရင်
သူက မုန်းနေသည့်တိုင် ပေးဆပ်သူပီပီ
မင်းသားလေးအနား ကနေ
တဖဝါးမှ မခွာပဲ
စောင့်ရှောက်ပေးချင်မိပါဘိ..." သားတော် က နည်းနည်းတော့
တဇွတ်ထိုးဆန်တယ် Jungkook
မောင်မင်းက နားလည်ပေးပါ "" ကျနော်မျိုး နားလည်ပါတယ်
ဘုရင်ကြီး..."" သားတော်ကို
သေချာစောင့်ရှောက်ပေးပါ....
ကိုယ်တော် စိတ်ချမယ် "" ကျနော်မျိုး တာဝန်ကျေပွန်ခဲ့ရင်
ဘုရင်ကြီးဆီက တခုများတောင်းဆိုခွင့်
ရှိမလား..."" အရှင် လို့ပဲ ခေါ်ပါ...
ဘာများလဲ မောင်မင်း...."" တာဝန်ထမ်းဆောင်ပြီးတဲ့ အခါ
တောင်းဆိုပါ့မယ် အရှင်..."" ကဲ ဟုတ်ပါပြီ....
ဟားးးးးဟားးးးး လူငယျဆိုတာ
ဒါမျိုး ကိုပြောတာနေမှာ ....
ငါကိုယ်တော် လူငယ်ဘဝကလဲ
ဒါမျိုး မကြောက်မလန့် ခမည်းတော်ဆီ
တင်လျောက်ခဲ့ ဖူးတယ် ....
လူငယ်ဆို ရဲရင့်ပြီး ပြတ်သားတာကို
ငါ ကိုယ်တော် သဘောကျတယ်
မောင်မင်း ရဲ့ တောင်းဆိုချက်ကို
ဖြည့်ဆည်းပေးမယ်လို့ ငါကိုယ်တော်
ကတိပေးတယ် "" ကျေးဇူးတင်ပါတယ် အရှင်...."
" ကဲ သွားနားတော့....
မနက် သားတော်နဲ့
ခပ်စောစော ထွက်ရမယ်
မဟုတ်လား..."" ဟုတ်ကဲ့ အရှင်...
ဒါဆို ကျနော်မျိုး ပြန်လိုက်ပါဦးမယ် "" ကောင်းပြီ "
ဘုရင်ကြီးဟာ တပ်မှူးလေးရဲ့
စိတ်ဓာတ်ကို
သဘောကျစွာ ပြုံးလျက်
ခေါင်းတညိမ့်ညိမ့်.....အမတ်ကြီးကတော့ တူတော်မောင် Jungkook ဘာကို တောင်းဆိုမလဲဆိုတာ
ကြိုသိနေသလို ခပ်မြေ့မြေ့ ပြုံးသည်...ငယ်ရာက ကြီးသူမို့ ....
ဒီအကြည့်တွေ ဒီရင်ခုန်သံတွေ
သိပ်ကို နားလည်တာပေါ့...." အမတ်ကြီး ..."
" ဟုတ်ကဲ့ ဘုရင်ကြီး"
" မောင်မင်းရဲ့ တူတော်မောင်ကို
ငါ သဘောကျတယ် ....
သူရဲ့ တောင်းဆိုချက်က ဘာလဲဆိုတာကို
မောင်မင်းရော ရိပ်မိသလား..."" ကျနော်မျိုး မသိပါဘူး "
အရှင့်ဘေးနား နေခဲ့ရတဲ့
ကာလတလျောက် တခါမျှ အရှင့်အပေါ်
မလိမ်မညာခဲ့ဖူးသူ....
ခုတော့ တူတော်မောင် လက်ချက်နဲ့
အရှင့်အပေါ် လိမ်ညာလိုက်ရသည်...အရှင့်ကို Jungkook ဖွင့်ပြောလိုက်တဲ့
တနေ့မှာတော့
ဘုရင်ကြီး အံ့ဩနေတော့မည့်
ပုံရိပ်ကို မြင်ယောင်ရင်း မလုံမလဲနဲ့
ရေနွေးခွက်ကိုသာ ခပ်မြန်မြန်
မော့ချလိုက်မိပါတော့သည်...
YOU ARE READING
ရင်ထဲက ပန်းတော်ဝင် 🪷🪷
FanficHello....! ဆာဝါဒီခ ထုခွန် ..... မင်ကလေ ဒီ ပန်းတော်ဝင် 🪷 fic ကလေးကို လက်တန်းရေးထားတာပါ။ ပေါ့ပေါ့ပါးပါး လေးပဲ ရေးထားတာကြောင့် ပေါ့ပေါ့ပါးပါးလေးပဲ ဖတ်ပေးကြပါနော်။ အားလုံးကို ချစ်တယ် ။ အားလုံးကလဲ ချစ်ပေးကြမယ်လို့ မျှော်လင့်မိပါတယ် .... 🪷 ချစ်တဲ့ MINE...