ရင်ထဲက ပန်းတော်ဝင် 🪷

957 63 4
                                    

Final episode 🪷

" သားတော် လေး....
အနားယူပါဦးလား ကွယ် ...
ပင်ပန်းနေရောပေါ့ ....နေ့ည
ဆက်တိုက်တွေ ထပ်နေပြီလေ ..."

ဒဏ်ရာတွေ အထပ်ထပ်.....
အိပ်ရာထဲမှာ လဲနေတဲ့ 
တပ်မှုး Jeon အနား မှာ တဖဝါးမှ မခွာပဲ
နေ့နေ့ညည ပြုစုပေးနေခဲ့တဲ့
မင်းသား ငယ်လေး....
သမားတော်တွေ ရှိနေပေမယ့်
စိတ်မချ၍ ဟုဆိုကာ
သူကိုယ်တိုင် ဆေးရည်ကျိုသည်
သူကိုယ်တိုင် အဝတ်လဲ ရေပတ်တိုက်...
အကုန် သူ့လက် သူ့ခြေ နဲ့
ပြုစုပေးတာ ...
တပ်မှုး Jeon ချစ်ရတဲ့ ပင်မြင့်က
ပန်းကလေး တဲ့လေ ....

တပ်မှုး Jeon သာ သိရင်
နှစ်နှစ်ခြိုက်ခြိုက်နဲ့ သူပြုံးမိမှာပါပဲ...

ဒီလို အပြုအစုလေးကြား
သူဘယ်လောက်များ ပျော်မွေ့ပြီး
သဘောကျနေလောက်မလဲ ....
ဘယ်လောက်တောင် အသဲယားပြီး
ချစ်မြတ်နိုးနေလောက်မလဲ ကွယ်  ....

" ဖခမည်းတော် ... Jeon က ဘာလို့
နိုးမလာသေးတာလဲ ....
သားတော်ကို သူ ထားသွားခဲ့ရင်
သားတော် ဘယ်လို လုပ်ရမလဲ ဟင် ...."

" ထိခိုက်ထားတဲ့ ဒဏ်ရာတွေက များတော့
အပြည့်အဝ အနားယူနေတာ နေမှာပါ
သားတော် .... အတွေးမလွန်ပဲ
ခနပဲ ဖြစ်ဖြစ် နားလိုက်ပါ ...
တပ်မှုးလေးတင် မဟုတ်ပဲ
သားတော်ကလဲ သန်မာရမယ်
ပျော့ညံ့နေလို့ မရဘူးလေ ...."

" ဒီနေ့နဲ့ဆို ရက် လေးရက်မြောက်
တိတိ ရှိပြီ ခမည်းတော် ... သားတော်
ကြောက်တယ် ... သူပြန်မလာရင်
သားတော် ရူးသွားရပါ လိမ့်မယ် "

မင်းသားငယ်လေး ကိုယ်တိုင်လဲ
ဒဏ်ရာ တွေရထားပေမယ့်
ကိုယ့် ဒဏ်ရာတွေကို ဂရုမစိုက်နိုင်ရှာ ....
အိပ်ရာ ထဲမှာ လဲနေတဲ့
ချစ်သူ တပ်မှုးလေးကို
ဆွေးမြေ့မြေ့လေးကြည့်ကာ စိုးရိမ်နေရှာသည် ....

အဖေတယောက်အနေနဲ့ ခေါင်းမာပြီး
ဆိုးတဲ့ သားတော်လေး ပြောင်းလဲလာတာ
ဝမ်းမြောက်မိပေမယ့် တဖက်မှာလဲ
စိတ်မကောင်း ဖြစ်ရပါသည်....
သားတော်လေးပဲ အချစ်ကြီးတာတော့လဲ
မဟုတ်ပါဘူး....
တပ်မှုးလေးကလဲ ဘာထူးတုံး...
ရန်သူ တစ်ထောင်နဲ့ တစ်ယောက်
အသက်ဆုံးရူံးသွားနိုင်တယ်ဆိုတာ
သိပါလျက်နဲ့ ချစ်သူမျက်နှာက
သွေးစက်လေးတွေ မြင်တာနဲ့တင်
ရူးရူးမိုက်မိုက် ပိုးဖလံ မီးကို တိုး ဆိုသလို
နောက်မဆုတ်တန်း ဝင်ခဲ့တာလေ ....

ရင်ထဲက ပန်းတော်ဝင် 🪷🪷Where stories live. Discover now