ရင်ထဲက ပန်းတော်ဝင် 🪷

564 47 1
                                    


" အရှင့်သား... ကျနော်မျိုးကို
စောင့်ပါဦး..."

" မြန်မြန်လာလေ ...
ကိုယ်ရံတော်က အဲ့လို ကျန်နေခဲ့လို့
ရမလား..."

လက်ကလေးနှစ်ဘက်ကို
နောက်မှာပစ်ကာ အရှေ့က အေးအေးလူလူ သွားနေသည့်
မင်းသားလေးနဲ့ အနောက်မှ အထုပ်ကြီး
အထုပ်ငယ် ဆွဲကာ တယိမ်းတယိုင်
လျောက်နေရသည့်
တပ်မှူးလေး Jungkook ....

တယောက်က အေးအေးဆေးဆေးပါပဲ
နောက်တယောက်ကတော့ မအေးဆေးနိုင်
ဈေးထဲမှာ နည်းနည်းလူများသည်မို့
မင်းသားလေး ထိခိုက်မိမှာ စိုးသည်...

ပစ္စည်း အသစ်အဆန်းလေးတွေတွေ့ရင်
အပြေးအလွှား
ပြေးကြည့်တတ်သူလေးကြောင့်
အထုပ်တွေ တကားကားနှင့်
ပြေးလိုက်နေရသည်မှာ အဆင်တော့
သိပ်မပြေလှ...

" အရှင့်သား မပြေးပါနဲ့
ချော်လဲလို့ ထိခိုက်မိရင်
ပြသာနာများပါမယ်"

" ဘာပြသာနာလဲ ငါ ယောက်ျားပါ
ချော်လဲရုံနဲ့တော့ ဘာမှ မဖြစ်ဘူး"

" ဒါပေမယ့်လဲ ..."

" ဟိုနားမှာ လူတွေ ဝိုင်းတိုးနေတာ ဘာလဲ
သွားကြည့်ရအောင် လာ..."

ပြောပြောဆိုဆို လှစ်ခနဲ
ပြေးထွက်သွားသူကြောင့်
တပ်မှုးလေးခမျာ ပြာယာခတ်သွားရသည်

လူကြားသူကြားမို့ ‌အရှင့်သားနာမည်
အော်လိုက်၍ လဲမရ...
နောက်ဆုံးတော့
ပြေးပဲလိုက်ရတော့သည်....

" နေပါဦး... ကျနော့်ကို စောင့်ပါဦး...."

" အော် ... နပန်းသတ်နေကြတာကိုး
Jungkook မင်းစိတ်ဝင်စားလား"

" ခင်ဗျာ"

" အူကြောင်ကြောင်နဲ့ ဝင်ပြိုင်မလား
မင်းက ကိုယ်ခံပညာတော်တယ်မလား...
ငါ လောင်းမလို့ မင်းဝင် ပြိုင်စမ်းးပါ "

" ကျ...ကျနော် ...."

" ဒီမှာ....!!! သူဝင်ပြိုင်မယ်တဲ့ ..."

စဉ်းစားခွင့်ပင် မပေး...
အရှင့်သားဟာ တကယ်ပဲ
ဇွတ်တရွတ် ဆန်ပါဘိ....
သူပြောချင်တာပြော
သူလုပ်ချင်တာ လုပ်ပါပဲ ....

" ဘယ်လောက် လောင်းမှာလဲပြော
မင်းတို့က ကလေးတွေပဲ
ပိုက်ဆံရော ပါရဲ့လား"

ရင်ထဲက ပန်းတော်ဝင် 🪷🪷Where stories live. Discover now