ရင်ထဲက ပန်းတော်ဝင် 🪷

514 43 1
                                    


" သေရည် ရှိသလား ကု "

" နန်းတော် အပြင်ဘက် မှာ
ဘာဖြစ်မလဲဆိုတာ ကြိုတင်
မသိနိုင်တာမလို့ မသောက်သုံးသင့်ပါဘူး
အရှင့်သား "

" လာပြန်ပြီ အရှင့် သား....
ဘယ်လိုခေါ်ရမယ်လို့ သင်ပေးထားလဲ ..."

" စိုး.. စိုးရွံ့မိပါတယ်....မင်...လေး..."

" ဒါမှပေါ့ .... ဟွန်းးး
နည်းနည်းလေးသောက်တာ
ဘာမှမဖြစ်ပါဘူး... သွားယူချည် ..."

" ဒါပေမယ့် ...."

" သွားဆို ... မင်လေး သေရည်
စမ်းသောက်ကြည့်ချင်လို့ ပါ ...."

အနည်းငယ် အသံလေးပျော့ပြောင်းပြီး
ပြောလာခဲ့အခါ အသက်ရူမဝဖြစ်ရသူက
တပ်မှုးလေးပါပဲ ...
အရှင့်သား တောင်းဆိုသမျှ ပြောသမျှကို
ငြင်းမရနိုင် .... မငြင်းရက်နိုင် ....

" ဟုတ်ကဲ့ ဒါဆို သွားယူပေးပါ့မယ်
မင်လေး စောင့်နေနော် ... ဘယ်မှ
လျောက်မသွားနဲ့ နော် ..."

" အွန်းးး"

လိုချင်တာရတဲ့ အခါ အပြစ်ကင်းစင်စွာ
သူပြုံးသည်....
ကလေးတယောက်လို ဖြူစင်သူ
မင်လေး....

ချစ်တယ် ....
သိပ်ကိုချစ်တာပါ ....

ပင်မြင့်ထက်က ပန်းကလေးကိုမှ
မြတ်မြတ်နိုးနိုးပါပဲ ....

မင် လေး စိတ်ကြိုက်
သေရည်ဆိုင်မှာ မှာယူပြီးနောက်
စိတ်မချ၍ ခပ်မြန်မြန်ပင်
ဆိုင်မှ ပြန်ထွက်ခဲ့သည် ...
တာဝန်တွေ ဝတ္တရားတွေ
မရှိ‌ရင်တောင်
ကာကွယ်ပေးချင်မိသူလေးပါ....
သေးသေးလေးမျှ အထိခိုက် မခံနိုင် ...

" ပြန်လာပြီလား မြန်လိုက်တာ ..."

" မင်လေးကို ထားခဲ့ရတာ စိတ်မချလို့ပါ"

" ဘယ်မှ မသွားပါဘူး
ကတိပေးထားတယ်လေ "

" ကျနော်မျိုး ရင်ထဲကနေ
ထွက်မသွားဘူးလို့ရော ကတိပေးနိုင်
ရဲ့လား ..." ဆိုတဲ့ စကားကိုတော့
စိတ်ထဲကနေသာ တီးတိုးဆိုလိုက်မိသည်...

" ဒါနဲ့ ကု က ခနခန ပြုံးတယ်နော် ...
ဘာတွေ သဘောကျနေတာလဲ ...
ကု သဘောကျနေ သူရဲ့ အကြောင်းကို
တွေးမိလို့လား..."

ရင်ထဲက ပန်းတော်ဝင် 🪷🪷Where stories live. Discover now