ရင်ထဲက ပန်းတော်ဝင် 🪷

520 45 1
                                    


" အဟင်း... မင်လေး က စတာပါ ကုရဲ့
ထတော့လေ အမေ့..! "

ခြေချော်ကာ လဲကျသွားတော့မည့်
ဆဲဆဲမို့ အမြန်ပင် ထိန်းပေးလိုက်ရသည်...
ကိုယ့် ရင်ဘတ်ပေါ် ပြိုဆင်းကျလာတဲ့
သူ့ ခန္ဓာကိုယ် ကလေး....

ဝတ်ရုံထဲ မြုပ်နေတဲ့ ကိုယ်ငယ်လေး...
ရင်ခုန်သံတွေဟာ
မြန်သည်ထပ် ပို၍ မြန်လာရသည် ....

" အရှင့်သား .... ကျနော်မျိုးကို
သတ်ချင်လဲ သတ်လိုက်ပါတော့ ....
အရှင့်သား
ပေးမယ့် အပြစ်ကို ကျေကျေနပ်နပ်
ခံယူပါ့မယ် "

" ဘာ... ဘာလို့ ....အွန့် ..."

နူတ်ခမ်းချင်းထိကပ်ကာ
နမ်းလိုက်မိသည့်ခန
လျှပ်စစ်ဓာတ်စီးသလို
တပ်မှုးလေးရင်ခွင်တခုလုံး နွေးခနဲ...

ဘာမှ မတွေးဆချင်တော့ ....
ပေးမည့် အပြစ်ဒဏ်တွေလဲ
မကြောက်ရွံ့တော့ပါ...

ထိကပ်နမ်းရိူက်နေရတဲ့
နူတ်ခမ်းလေးတစုံက
တပ်မှုးလေးအတွက်တော့
အသက်ထပ်ပင် ပို၍
အရေးကြီးပါသည် ....

" ငါ ... ငါ ....အသက်ရူမရ .... ဘူး "

တရိူက်မက်မက် နမ်းရိူက်မိတဲ့အခါ
နုနယ်သူလေးမို့ ရင်ဘတ်ကို
အသာတွန်းကာ သူပြောလာခဲ့သည်...
ဒီလို တိုးညှင်းတဲ့ အသံလေးက
ပိုပြီး စိတ်ကို ဆွပေးနေသလို....

မင်းသားလေးက ဘာမှမသိဘူး...
အပြစ်ကင်းတယ် ... သူဘယ်လို
ငြင်းဆန်ရမလဲ သူမသိဘူး...
ဘယ်လို ရုန်းထွက်ရမလဲ မသိဘူး....

သူသိသလောက်လေး ငြင်းဆန်တဲ့ အခါ
တပ်မှုးလေးအတွက် နောက်ဆုတ်ဖို့
ပို၍ ခက်ခဲလာခဲ့သည်....

ကျနော်မျိုးကို သတ်လိုက်ပါ အရှင်
ချစ်လွန်းလို့ပါ ....

" တပ်မှုး Jeon ....ဟင့်အင်း...
မ... မဖြစ်ဘူးလေ ..."

ဝတ်ရုံကြိုးကို ဖြေချပစ်မယ့်
လက်တွေကို မြန်ဆန်စွာ
သူ တားဆီးသည်...

မဖြစ်ဘူးလေ ... ဒါ စောင့်ထိန်းရမယ့်
ဖြစ်ရပ်မျိုး....
သာယာ မိလိုက်လို့ မရဘူး

" ကျနော်မျိုး ချစ်လွန်းလို့ ပါ
အရှင့် သား ရယ် ...."

" ဒါပေမယ့် .... ငါ ငါတို့ က...
ဟင့် အင်း... မဖြစ်ဘူး... မင်းမှာ
ချစ်ရတဲ့ မိန်းကလေး ရှိပြီးသားလေ ...
တွေးပါဦး Jeon ..."

" အရှင့်သားက လွဲလို့ ကျနော်မျိုး
ဘယ်သူ့ကိုမှ မချစ်ခဲ့ပါဘူး..."

" ခု... ခုနက ချစ်တဲ့ သူ ရှိတယ်ဆို ...."

" အရှင့်သား ပါပဲ ..."

ကိုယ်ငယ်လေးထပ်မှ ဝတ်ရုံဟာ
တလွှာချင်းကွာကျလာခဲ့သည် ....
ဝင်းမွတ်လှတဲ့ အသားအရည်နှင့်
ကျစ်လှစ်လှပ‌လွန်းတဲ့ ကိုယ်လေးဟာ
တမြတ်တနိုး နမ်းရိူက်၍ပင် မဝ....

သိပ်ချစ်ရသလို
သိပ်လဲ မြတ်နိုးတန်ဖိုးထားရသည်မို့
ကိုယ့် စိတ်တွေ ကစဉ့်ကလျားနဲ့
အထိန်းအချုပ် ကင်းမဲ့နေသည်တိုင်
မြတ်နိုးစွာ အရှင့်သားလေးကို
ခွင့်တောင်း ခဲ့ပါသေးသည်....

" အရှင့်သား.... အကယ်၍ အဆင်မပြေရင်
ကျနော်မျိုး ရပ်လိုက်ပါမယ် ....
ရှေ့ဆက် မတိုးတော့ပါဘူး "

" ဟင် ...ဒီ ... အခြေအနေ ရောက်
ပြီး... မှ "

" ကျနော်မျိုး စိတ်ကို
ချုပ်ထိန်းထားပါတယ်... အရှင့်သား
ခက်ခဲမယ်ဆို ကျနော်
ရပ်ပေးပါ့မယ် "

" ငါ ... ငါ အဆင်ပြေတယ် ဆိုရင်ရော ..."

" ခင်ဗျာ ..."

" ငါ ... အဆင်ပြေတယ် Jeon "

နီ‌ထွေး‌ နေတဲ့ မျက်နှာလေးဟာ
သေရည်ကြောင့်ပဲလား ....
ရှက်လွန်း၍ ပဲလား မသိပါ ....

မျက်နှာကို တဖက်သို့
အတင်းလွှဲထားကာ သူ
အဆင်ပြေကြောင်း ပြောလာခဲ့သည်....

" ရှက်လို့လား အရှင့်သား..."

" အင်း... ရှက်တယ် ..."

" ကျနော်မျိုး ကို ရှက်တာလား..."

" နှစ်ယောက်တည်းရှိတာကို
ခင်ဗျားကို မရှက်...လို့ ...."

ခရမ်းချဉ်သီးလေးလို နီရဲတတ်လာတဲ့
မျက်နှာ နုနုထွေးထွေးလေး အနှံ့
အသဲယားစွာ
အနမ်းမိုးတွေ နူးညံ့စွာ ရွာချလိုက်တော့
သူပြုံးသည်....

အလှဆုံးပဲ ...
မြင်မြင် သမျှထဲ သူ သိပ်လှတယ် ...

" Jeon အနမ်းတွေကို သဘောကျတယ်
စွဲမက်စရာပဲ ...."

'' အရှင့်သား သဘောကျရင်
ပိုပိုတိုးလို့ နမ်းပေးပါ့မယ် ..."

" အင်း.... နမ်းပေး ....
ငါ့ တယောက်ထဲ အတွက်ပဲနော် "

" ကျနော်မျိုးမှာ အရှင့်သား တယောက်ပဲ
ရှိတာပါ...."

ဒီလိုနဲ့ အရှင့်သားဟာ တပ်မှုးလေးနဲ့
ချစ်ကြိုးနွယ် မိပြီး
တစ်ယောက်နဲ့ တယောက် သိပ်ချစ်ကြတဲ့
တယောက်မရှိရင် မဖြစ်တဲ့
လေးလေးနက်နက် ဆက်ဆံရေးလေး
တ‌ခုကို တည်ဆောက်မိသတဲ့ကွယ်....။

ရင်ထဲက ပန်းတော်ဝင် 🪷🪷Where stories live. Discover now