It turns my heart cool (1)
ကျွန်တော့်ရဲ့ လက်သူကြွယ်မှာဝတ်ထားတဲ့ လက်စွပ်ကိုကြည့်လိုက်မိသည်။
၅ နှစ် ! ၅ နှစ်ရှိခဲ့ပြီ ကျွန်တော်တို့ လက်ထပ်ထားတာကျွန်တော်တို့ ဘယ်ကစပြီး ဘာတွေဖြစ်ခဲ့ကြလည်း သေချာမသိဘူး၊ သေချာတာ တစ်ခုက ကျွန်တော့်ရဲ့ ဘဝကလူတစ်ယောက်ရဲ့လက်ထဲမှာ သောင်တင်နေခဲ့တယ်ဆိုတာပဲ ။
ထိုအရာက ဘယ်လိုမှ ကျွန်တော်ရုန်းထွက်လို့မရတော့သလို ဘယ်လိုမှ နောက်ပြန်ဆုတ်လို့လည်းမရတော့ဘူး။
ဒါပြီး ထိုလူက ကျွန်တော့်ကို ချစ်လား မချစ်လား ဆိုတာလည်း သေချာမသိဘူး။ အဲလိုပဲ ကျွန်တော်လည်း
ထိုလူကို မချစ်ဘူးထင်တယ်။လက်ထပ်ထားတယ်ဆိုတာ နာမည်တစ်ခုပဲ ၊ ကျွန်တော့်ရဲ့ ဘဏ်အကောင့်ထဲကိုငွေတွေဝင်နေတယ်ဆိုတာကလည်း သာမန်တစ်ခုပဲ ၊ ဒါပေမယ့် ယောကျာ်းတစ်ယောက်က ယောကျာ်းတစ်ယောက်ကို အားကိုးတယ်ဆိုတာက တော့ ပုံမှန်မဟုတ်ဘူးမလား။
ကျွန်တော်တို့ လက်ထပ်ထားတဲ့ ၅ နှစ်အတွင်းမှာ ထိုလူ ထည့်ပေးထားတဲ့ ပိုက်ဆံက မီလီယန် နဲ့ ချီလို့ရှိလောက်သည်။
သူဘယ်လောက်ချမ်းသာ လည်းဆိုတာ ဒီငွေတွေက သက်သေပဲ။
ဒါပေမယ့် ဒီငွေတွေက ကျွန်တော့်ရဲ့ဘဝကိုပြောင်းလဲ သွားစေတယ်ဆိုတာကလည်းအမှန်ပဲ ။
ကျွန်တော့်ရဲ့ မိဘ တွေကို စတေးခဲ့ရတယ်၊
ကျွန်တော့် အမေရဲ့ နှလုံးက ထိုလူအမေရဲ့ နှလုံးနေရာကိုရောက်နေခြင်းပင်။
လူချမ်းသာတစ်ယောက်က အရာအားလုံးကိုလုပ်နိုင်တယ် အဲလိုပဲ ကျွန်တော့်ရဲ့ဘဝကိုလည်း သူစိတ်ကြိုက်လုပ်ဆောင်ခဲ့တယ်။ကျွန်တော့်ကို ဘာမှမတိုင်ပင်ပဲ လက်ထပ်ပွဲစီစဥ်ခဲ့တယ်။ ထိုလူကရူးနေတယ်လို့ပဲထင်တယ်!
ကျွန်တော်တို့ လက်ထပ်ပြီး နောက်ပိုင်း ကျွန်တော့်အတွက် အိမ်တစ်ဆောင်ဝယ်ပေးခဲ့တယ်၊ ဒါကတာဝန်တစ်ခုပဲ ၊ ဒီလောက်ကြီးတဲ့အိမ်မှာ ကျွန်တော်တစ်ယောက်ထဲ ဘယ်လိုနေမှာလည်း။
တစ်လမှာ တစ်ခါသာ တွေ့ကြသည် ထိုနေ့က
ကျွန်တော်တို့ရဲ့ မဂ်လာနှစ်ပတ်လည်နေ့။လက်ထပ်ထားတဲ့သူတွေက အတူမနေကြသလို၊ အတူတွေ့ကြတာမျိုးလည်း မရှိဘူး။
ထိုလူက ကျွန်တော်တို့နေတဲ့ မြို့မှာ အချမ်းသာဆုံးပဲ ၊
ဘယ်လောက်ထိချမ်းသာလည်းဆိုရင် ထိုလူရဲ့ အိမ်နဲ့ ခြံအကွာဝေးက ကားနဲ့ ၁၅ မိနစ်တောင်သွားရသည်။
ဒါထက် ခြံဂိတ်ဝက လုံခြံရေး ကိုအရင်ဖြတ်ရသေးသည်။ ဒါက အနည်းငယ်ထူးဆန်းတယ်မဟုတ်ဘူးလား။
YOU ARE READING
ငါ့နှလုံးသားကို အေးစက်စေတယ်
Romanceအဲလောက်အလုပ်ကိုရူးသွပ်နေရင်လည်း ငါ့ကိုကွာရှင်းပြီးအလုပ်နဲ့လက်ထပ်လိုက်။