Part (18)မင်းထိခိုက်စေတဲ့အရာမှန်သမျှကိုယ်ဖျက်ဆီးပစ်မှာ

200 7 0
                                    


It turns my heart cool (18)
မူးယစ်ကုဋေ က သူပြန်ထွက်လာတော့ ကုတင်ပေါ်ကလူက အိပ်နေပြီဖြစ်သည်။ အဲကွန်း ကိုလျော့လိုက်ပြီးတော့ စောင်ကို အပေါ်ထိရောက်အောင်ခြုံပေးလိုက်သည်။ ဒါပြီး အိပ်နေတဲ့ လူရဲ့နဖူးကိုညင်သာစွာ နမ်းလိုက်ပြီးတော့ အခန်းအပြင်ကိုထွက်လာခဲ့လိုက်သည်။
အမဲရောင်ဘောင်းဘီအပွအရှည်ကို ဝတ်ထားပြီး
တီရှပ်အမဲကိုတွဲဖက်ဝတ်ထားသည်။ ၆ပေ ၁ လက်မရှိသည့် သူ့ရပ်က ခန္ဓာကိုယ် ပိုင်းက ပိန်နေတာမျိုးမဟုတ် ၊ ကြည့်ကောင်းသည့် အနေထားတစ်ခုတွင်ရှိနေပြီး လက်မောင်းကပေါ်နေတဲ့ အသားထစ်တွေက သာမန်အဝတ်စားတစ်ခုနဲ့တောင်အတော်ကြည့်ကောင်းနေပြီ။ မျက်ခုံးထူထူပြီး နက်မှောင်တဲ့မျက်လုံးတွေ ဒါပြီး မျက်တောင်စင်းစင်းလေးတွေက မူးယစ်ကုဋေ ဆိုတဲ့လူသားတစ်ယောက်နဲ့ကိုက်ညီနေသည်။

လှို့ဝှက်ခန်း ထဲကိုဝင်သွားလိုက်ပြီးတော့ သေချာ စီတန်းနေတဲ့လက်နက်တွေကို သေချာလိုက်ကြည့်လိုက်သည်။ အထဲမှာ ဦးယံနဲ့ ရတုသစ်က အသစ်ထပ်ရောက်နေတဲ့ လက်နက်တွေကို နေရာတကျထားထားနေပြီဖြစ်သည်။ ဦးယံ က စာရင်းနဲ့လိုက်မှတ်နေပြီးတော့ မူးယစ်ကိုမြင်တော့

" စာရင်းတွေကတော့ အကုန်လုံး မှန်တယ် ဒါပေမယ့်
ရိုင်ဖယ် ရဲ့အရေတွက်က နည်းနေသေးတယ် နောက်ထက် ၃ လက်လောက်လိုသေးတယ် "

မူးယစ်ကုဋေ က ဦးယံဆီက စာရင်းကိုယူပြီးကြည့်လိုက်သည်။ ဒီလိုနေတဲ့ ၃ လက်က နောက်ဆုံးမှ မှာထားခြင်းဖြစ်သည်။ ဒါပြီး ဒီလက်နက် က
ဟောင်ကောင် ကိုတင်ပို့ရမှာဖြစ်သည်။

" ရတုသစ် ​ကိုနောက်သွားယူမယ့် အဖွဲ့ထဲကိုထည့်လိုက် ဒါပြီး သူ့ကိုပဲခေါင်းဆောင်အနေနဲ့ ထည့်လိုက် ၊ ဟောင်ကောင်ကို တင်ပို့မှာကိုတော့
ရက်နည်းနည်းနောက်ဆုတ် လိုက်ပါ ။
အရင်ဆုံး သူတို့ဘက်ကို ဆက်သွယ်ပြီးမေးကြည့်ပြီးရင် ကျွန်တော့်ပြန်ပြောအုံး "

" ကောင်းပြီသခင်လေး "
ဦးယံ ဆီကို note book ပြန်ပြီးပေးလိုက်သည်။
သူအမှန်တိုင်းပြောရရင် ဒီလုပ်ငန်းကိုမလုပ်ချင်ပါ
ဒါပေမယ့်သူ့အဖေက စတင်ခဲ့ပြီးပြီဆိုတော့
သူအဆုံးထိလုပ်ရမည်မဟုတ်လား။

ငါ့နှလုံးသားကို အေးစက်စေတယ်Where stories live. Discover now