It turns my heart cool (11)
အရင်ကတစ်ခါမှ အလုပ်လုပ်တာ စိတ်မတည်ညိမ်ဖြစ်တာ တစ်ခါမှမရှိခဲ့ပါ။ အခုတော့ သူ့ရဲ့စိတ်တွေက လူတစ်ယောက် ကြောင့်ရှုပ်ထွေးနေရပြီ ၊ ထိုအရာကို သူနားမလည်ပါ။ အချစ်က သဝန်တိုခြင်းကစတာလား။ ခမ်း ကကော သူ့ကိုစိတ်ခံစားချက်ရှိနေမလား။
လက်တွေက mouse ကို ကစားနေခြင်းပေမယ့် သူ့ရဲ့စိတ်ထဲမှာတော့ အခုထိ ထိုပုံထဲက ခမ်းရဲ့ ပါးချိုင့်တွေကို မြင်ယောင်နေတုန်းပဲ။
အချိန်က ညနေ ၅ နာရီတောင်ရှိနေပြီမို့ ဒီနေ့တော့ စောစောဆင်းမည်လုပ်လိုက်သည်။ ကိစ္စတွေကိုတော့ စူးရှနဲ့သာ တာဝန်လွှဲထားလိုက်တော့မည်။
ဒီနေ့က စိတ်ထဲ သိပ်အဆင်မပြေတာမို့ အိမ်ကိုသာစောစောပြန်လာလိုက်တော့သည်။
မူးယစ်ကုဋေ က အိမ်ကိုရောက်တော့ ထိုလူသားလေးက ဧည့်ခန်းက ဆော်ဖာမှာထိုင်ကာ ဖုန်းကိုကြည့်နေသည်။ ဖုန်း ကိုကြည့်ရင်း တစ်ယောက်ယောက်နဲ့စကားပြောနေသည်။
အိမ်တော်ထိန်းက မူးယစ်ကုဋေကိုမြင်တော့။
"သခင်လေး ပြန်ရောက်ပြီလား "
"ကြီးကြီးသွယ် ။ ကျွန်တော့် အတွက် ရေနွေးစပ်ပေးပါအုံး"
"ကောင်းပါပြီ သခင်လေး"
ကောင်မလေးတစ်ယောက်က ကြီးကြီးသွယ်နဲ့အတူ အိမ်ပေါ်ထက်ကို တတ်သွားသည်။ မူးယစ်ကုဋေက ဆိုင်းခမ်းစစ်ဟန် ရဲ့အနားကိုသွားလိုက်ပြီး လက်ထဲကဖုန်းကိုဆွဲယူလိုက်သည်။
"မင်း ဘာလုပ်တာလဲ ။ "
"ဘာလဲ ။ အခုထိပြောစရာတွေမကုန်သေးဘူးလား"
"ဘာတွေလာပြောနေတာလဲ "
မူးယစ်ကုဋေက ဖုန်းကိုစူးစိုက်ကြည့်ကာ ၊ ဆိုင်းခမ်းစစ်ဟန် ကို ပါကြည့်လိုက်သည်။
ဖုန်းထဲမှာသူမြင်လိုက်တာက
'နောက်အပတ် ကျွန်တော် ဘားကိုလာခဲ့မယ် 'ဆိုပြီး ပြောထားခြင်းပင်။ မူးယစ်ကုဋေက ထိုစာကိုမြင်ပြီး
ဆိုင်းခမ်းစစ်ဟန် ကိုကြည့်ကာ။ ဘာစကားမှမပြောပဲ သူ့ရှေ့က လူရဲ့ခါးကို ပွေ့လိုက်ပြီး ချီလိုက်ကာ အိမ်အပေါ်ထက်ကိုတတ်သွားသည်။
YOU ARE READING
ငါ့နှလုံးသားကို အေးစက်စေတယ်
Romanceအဲလောက်အလုပ်ကိုရူးသွပ်နေရင်လည်း ငါ့ကိုကွာရှင်းပြီးအလုပ်နဲ့လက်ထပ်လိုက်။